ကျောက်တော်မြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကျောက်တော်  အောက်တိုဘာ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်()နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း သတ်မှတ်စုရပ်နေရာ၌ စတင်ထိုးနှံတိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ဆောင်ရွက်လျက်ရှိရာတွင် ကျောက်တော် မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်နေရာများဖြစ်သော ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက် အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြို့သစ်ရပ်ကွက်၊ ရှမ်းရွာ ရပ်ကွက်နှင့်ရွာမ ရပ်ကွက်များမှ အသက် ()နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျှက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာ အဝေးနေရာများ၌ စနစ်တကျ စောင့်ဆိုင်းစေပြီး အလှည့်ကျစနစ်ဖြင့် ထိုးနှံပေးခြင်း၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုယ်အလေးချိန်စစ်ဆေးပေးခြင်းနှင့် ကိုယ်အပူချိန်များတိုင်း တာပေးခြင်း၊ လက်ဆေးရာ နေရာနှင့် လက်သန့်ဆေးရည်များထားရှိပေးကာ လက်ကိုစနစ်တကျ ဆေးကြောစေခြင်း တို့ကို ဆောင်ရွက်ထားရှိပေးပြီး ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက်()နှစ်အောက် ကလေးငယ်များ အတွက်  ပိုလီယိုအကြောသေ၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော၊ တီဘီ၊ ကြက်ညာ ချောင်းဆိုး၊ အသားဝါ(ဘီ) စသည့် ကာကွယ်ဆေးများအား ထိုးနှံပေးပြီး ကိုယ်ဝန်ဆောင်မိခင် များကိုလည်း မေးခိုင်နှင့် ဆုံဆို့နာ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)