ကျိန္တလီ အောက်တိုဘာ ၈
မေး။ မင်္ဂလာပါ ဆရာမကြီး ဆရာမကြီးရဲ့ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေ။
ဖြေ။ ကျွန်မအမည်ကတော့ ဒေါ်ဆုဖြိုးထက်ပါ၊ ကျိန္တလီ အ-ထ-က (တာဝန်ခံ) ကျောင်းအုပ် ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့ ကျောင်းမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက်၁၂နှစ် အထက ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ဆောင်ရွက်နေတဲ့ အခြေအနေလေးကို သိပါရစေ။
ဖြေ။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဖို့အတွက် ကျောင်းအပ်နှံထားတဲ့ ၁၂နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို စာရင်းပြုစုပြီးတော့ မြို့နယ် ပညာရေးမှူးရုံးကို တင်ပြထားပြီး ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့ကျောင်းမှာ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံဖို့အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူ ဘယ် လောက်ရှိပါသလဲ။
ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား/သူဦးရေကတော့ (၄၈၂)ဦး ရှိပါတယ်။
မေး။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံတဲ့အခါဆေးထိုးမယ့် စုရပ်တွေ သတ်မှတ် ထားပြီလား။
ဖြေ။ ဆေးထိုးစုရပ်များ သတ်မှတ်တဲ့အခါ ကျိန္တမြို့အနေနဲ့ ကျိန္တလီ အ-ထ-ကနှင့် ကုလားပြင်ကျေးရွာ အ-ထ-ကကျောင်းမှာ ဆေးထိုးမည့်စုရပ်(၂)နေရာ သတ်မှတ်ထား ပါတယ်။
မေး၊၊ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ကျောင်းသူတွေကို သတ်မှတ် နေရာတွေမှာ လာရောက် ထိုးနှံဖို့ အသိပေးမှုတွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ မိဘအုပ်ထိန်းသူ တစ်ဦးဦးကို ခေါ်ဆောင်လာရမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာ အတန်းပိုင်ဆရာ/ဆရာမ များမှတစ်ဆင့် အသိပေး အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်းတွေပြန် လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ကျွန်မတို့ကျောင်းမှာ ပထမဦးစားပေးအနေနဲ့ ရေရှိရေးနဲ့ လက်ဆေးဘေစင်တွေကို ပြန်လည် ပြင်ဆင်နေပါတယ်။ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကိုလည်း တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်းတွေကို လဲသိပါရစေ။
ဖြေ။ ကျွန်မတို့ ကျိန္တလီ အ-ထ-က အနေနဲ့ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူ တွေကို ကိုဗစ် ကာကွယ်ဆေးကို အဆင်ပြေပြေ ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေကတော့ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန ကျိန္တလီနယ်မြေရဲစခန်း၊ ကျိန္တလီမြို့ မီးသတ်ဦးစီးဌာန တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး။ အသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကိုလဲသိချင်ပါတယ်။
ဖြေ။ ကလေးတွေအားလုံးဟာ ပညာရေးနဲ့အလှမ်းဝေးကွာနေခဲ့တာ နှစ်နှစ်နီးပါးကြာခဲ့ပြီ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ ကလေးတွေရဲ့ မိဘအုပ်ထိန်းသူတွေက ဆရာ မကျောင်းတွေဘယ်တော့ ပြန်ဖွင့်မှာလဲဆိုပြီး အမြဲတမ်းမေးကြပါတယ်။ အခုလိုမေးကြတဲ့ အပေါ်မှာ ပြန်ပြီးတော့ မဖြေကြားပေးနိုင်ခဲ့တဲ့အတွက် အရမ်းလဲ စိတ်မကောင်း ဖြစ်မိတယ်၊၊ မကြာခင်မှာ ကျောင်းသား၊ ကျောင်းသူလေးတွေကို ကာကွယ်ဆေးက ထိုးနှံပေးတော့မှာ ဆိုတော့ အခုလိုမေးလာကြတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးနိုင်တော့မှာပါ။ စာသင်ကျောင်းတွေနဲ့ ဝေးကွာနေတဲ့ ကလေးတွေအတွက်လဲ အရမ်းကိုဝမ်းသာပီတိ ဖြစ်မိပါတယ်။
မေး။ အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်လဲပြောကြားပေးပါ။
ဖြေ။ ကျွန်မအနေနဲ့ အခုလိုအသက်၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူလေးတွေကို ကာကွယ်ဆေး ထိုးနှံနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြတဲ့ နိုင်ငံတော်အကြီးအကဲများနှင့် တာဝန်ရှိ၊ တာဝန်သိအရာရှိများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အခုလို ဖြေကြားခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။
တွေ့ဆုံမေးမြန်းသူ-ခိုင်မိုးမင်း(ပြန်/ဆက်)