သတင်းများ

သထုံမြို့နယ်တွင် ရာဘာရာသီစတင်ချိန် ဈေးကောင်းရသောကြောင့် နေလှန်းပြားများ အဖြစ်သာ အများအားဖြင့်ရောင်းချ
Oct 08,2021
ယခုနှစ် ရာဘာခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးကောင်းရနေသောကြောင့် ခြံရှင်အများစုမှာ ရာဘာပြားမှိုင်းခံခြင်း မပြုလုပ်တော့ဘဲ နေလှန်းပြားများကိုသာ အဝယ်ဒိုင်များထံ ရောင်းချ နေကြကြောင်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ဝင်းပကျေးရွာမှ ရာဘာစိုက်ပျိုး သူများ၏ ပြောကြားချက်အရ သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 08,2021
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
ထန်းတပင်မြိုနယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 08,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၄)ကျောင်းတို့မှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းက အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်ကျောင်းတွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ညိှနှိုင်း အစည်းအဝေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မောတောင်မြို့တွင်နေအိမ်ပြင်ပထွက်ခွါသူများ(Mask)တပ်ဆင်ရေးအသိပညာပေး၍ Mask Campaign ပြုလုပ်
Oct 08,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုအရ မောတောင်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ထိုက်သည် မောတောင်မြို့နယ်စပ်ရဲစခန်းမှ ရဲအုပ်မင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ မောတောင်မြို့(၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာသီဟအောင်နှင့်ဆရာမများ၊ မြို့မရပ်ကွက်ဈေးကော်မတီ ဦးဇော်ရွှေ တို့လိုက်ပါလျက် ယနေ့ နံနက်၇နာရီ ၃၀အချိန်က မောတောင်မြို့ မြို့မရပ်ကွက်၊ မြို့မဈေး အတွင်းနှင့်ဈေးအရှေ့နေရာတို့တွင် နေအိမ်ပြင်ပထွက်ခွါသွားလာနေသူများ၊ ဈေးသွားဈေးလာ များအား မဖြစ်မနေ(Mask) တပ်ဆင်ရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာပေးခြင်းဖြင့် Mask Campaign ပြုလုပ်ကြောင်း သိရှိရသည်။
ကျောက်ဖြူမြို့နယ် ဒေသထွက်ရွှေပုဇွန်ခြောက်နှင့် ရေထွက်ကုန်ပစ္စည်းများအား အွန်လိုင်းမှ တစ်ဆင့် ရောင်းချသူများ အဆင်ပြေ
Oct 08,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ဒေသထွက်ရွှေပုဇွန်ခြောက်နှင့် ရေထွက်ကုန်ပစ္စည်းများ ကို အွန်လိုင်းအသုံးပြု၍ ရောင်းချလာသူများပြားလာပြီး ၎င်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံအနှံမှ ပြန်လည်ရောင်းချ၊ စားသောက်ကြမည့် ဝယ်ယူသူများစွာရှိကြောင်း Hsu Family ပုဇွန်ခြောက်နှင့် ပင်လယ်စာဖြန့်ချီရေး Page ထောင်ထားသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရသည်။
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Oct 08,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်း သတ်မှတ်ချက်များနှင့် အညီ ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းပြီး ပန်းခင်းစီမံချက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် စတုတ္ထရက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခွဲက  အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းဝန်း၌ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးသည်။
ရေတာရှည်မြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး စုရပ်များအား ကြည့်ရှုစစ်​ဆေး
Oct 08,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်အဖြစ် ဆောင်ရွက်မည့် အ​ခြေခံပညာအထက်တန်း​ကျောင်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင် ဦးတင်​မောင်နိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးတို့က ယ​နေ့မနက်ပိုင်းက ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။