ထန်းတပင်(ပဲခူး) အောက်တိုဘာလ ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်အား တွေ့ဆုံ မေးမြန်း ထားရှိသည်ကို ဖော်ပြလိုက်ပါသည်။
မေး။ အသက် ၁၂ နှစ်အထက် အထက်တန်း အလယ်တန်း ကျောင်းများရှိ ကျောင်းသားကျောင်းသူများ ကို နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့ အတွက် ဆရာမကြီးအနေနဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေ ကို သိချင်ပါတယ်ရှင်။
ဖြေ။ အသက် ၁၂ နှစ် အထက် ကလေးများကို ကာကွယ်ဆေးထိုးဖို့ ကျွန်မတို့မြို့နယ်မှ အထက်တန်း နှင့်အလယ်တန်းအဆင့် ကျောင်းပေါင်း (၁၀၂) ရှိပါတယ် ကိုယ်ပိုင် အထက်တန်း (၁)ကျောင်းပါပါ တယ်။ အသက်၁၂ နှစ် အထက် ဆေးထိုးမည့် ကျောင်းသားကျောင်းသူများကတော့ စုစုပေါင်း(၅၅၀၇)ဦး ရှိပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန စသည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ကာကွယ် ဆေးထိုးနှံရေး လုပ်ငန်းများကို ကြိုတင်စီမံချက် ရေးဆွဲထားပြီးဖြစ်ပါတယ်။
မေး။ ထန်းတပင်မြို့နယ်တွင် အသက်၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်နေရာများကို သိချင်ပါတယ်ရှင်။
ဖြေ။ ကျွန်မတို့ ထန်းတပင်မြို့နယ်မှာ ကာကွယ်ဆေးထိုးနှံပေးဖို့ စုရပ်ကတော့ (၄) ခုရှိပါတယ်။ အထက ထန်းတပင်အုပ်စု၊ အထက ဇရပ်ကြီးကျေးရွာအုပ်စု၊ အထက လှည်းလမ်းကူးကျေးရွာအုပ်စု၊ အထက(ခွဲ) မြို့စိုးကျေးရွာအုပ်စုတို့ ဖြစ်ပါတယ်။
မေး။ ကျောင်းသားကျောင်းသူတွေကို သက်ဆိုင်ရာစုရပ်တွေမှာ ကာကွယ်ဆေးထိုးဖို့အတွက် အသိ ပေးကြေညာမှုတွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင် ။
ဖြေ။ အောက်တိုဘာ (၁၀) ရက်နေ့နောက်ပိုင်း ကာကွယ်ဆေးစတင်ထိုးနှံမှာ ဖြစ်တဲ့အတွက် နယ် မြေခံ ကျောင်းတွေက ဆရာကြီး/ဆရာမကြီးများအားလုံးကို အသိပေးထားပြီး ဖြစ်ပါတယ်။ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံပြီး ၁၂ နှစ် အထက် ကျောင်းသား/ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးဖို့ ကျောင်းသားမိဘတွေရဲ့ သဘောတူညီချက်ပါရှိသည့် လက်မှတ် ကိုလည်း ရယူထားမှာ ဖြစ်ပါတယ်။ မိဘ/အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက်နဲ့သာ ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအုပ်စုအလိုက် ဘယ်ကျောင်းတွေကို နံနက်ပိုင်းဘယ်ကျောင်းတွေကို ညနေပိုင်း ခွဲပြီးဆေးထိုးနှံဖို့လည်း စီစဉ်ထားရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ အတန်းပိုင်ဆရာ/ဆရာမများမှတစ်ဆင့် ကျောင်းသားမိဘ၊ အုပ်ထိန်းသူများထံ လက်ဆင့်ကမ်း ပြောကြား သွားမှာ ဖြစ်ပါတယ်။
မေး။ ဆရာမကြီးတို့ ဌာနအနေဖြင့် အသက် ၁၂ နှစ် အထက် ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့အတွက် စာရင်းပြုစုဆောင်ရွက်နေမှုကိုလည်းသိပါရစေရှင်။
ဖြေ။ အထက်တန်း၊ အလယ်တန်းကျောင်းတွေက ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် အစည်း အဝေးပြုလုပ်ပြီး ဆေးထိုးမည့်စာရင်းကို တိတိကျကျ ပြလုပ်ပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံရာမှ စာရင်းဖြည့်သွင်းဖို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သည့် ဆရာ၊ ဆရာမတွေနဲ့ စာရင်းရေးသွင်းလုပ်ဆောင်ထားရှိပြီးဖြစ်ပါ တယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဟု သိရတဲ့အတွက် ဆရာမ ကြီးအနေဖြင့် ကျောင်းတွေကို ဘယ်လိုကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကိုလည်း သိချင်ပါတယ်ရှင်။
ဖြေ။ ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းတွေကိုကျောင်းသန့်ရှင်းရေး၊ နှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားဖို့ ကျောင်းအုပ် ဆရာ၊ဆရာမကြီးများကိုမှာ ကြား ထားပြီးဖြစ်ပါတယ်။ Quarantine Centre ထားရှိသည့် ကျောင်းများကိုလည်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကူအညီဖြင့် ပိုးသတ်ဆေးဖြန်းထားပြီး ဖြစ်ပါ တယ်။ ကျောင်းများကို သောက်သုံးရေနှင့် လက်ဆေးဘေးစင်များလည်း ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
မေး။ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး နိုင်မှု အပေါ် ဆရာမကြီးရဲ့ ပီတိစကားသံကိုလည်းပြောကြားပေးပါရှင်။
ဖြေ။ ယခုလို နိုင်ငံတော်၏ အစီအစဉ်ဖြင့် အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခွင့်ရသည့်အတွက်များစွာ ဝမ်းမြှောက်ပါတယ်။ ကျောင်းတွေပိတ်လိုက် တဲ့ အခါမှာတော့ ကျွန်မခံစားရပါတယ်။ ကျောင်းသားမိဘတွေလည်းကျွန်မလို ပဲရှိမယ်ထင် ပါတယ်။ မကြာခင်မှာ ကျောင်းတွေပြန်ဖွင့်မှာကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေ မျှော်လင့်နေ မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ စိမ်းလန်းစိုပြည်လာတော့မည်ဟု ယုံကြည်ပါတယ်။ မိသားစုတစ်စုအတွက် သားသမီး ရတနာက အိမ်၏ဆည်းလည်းသံဖြစ်သလို စာသင်ကျောင်းတစ်ကျောင်း၏ ဆည်းလည်းသံသည်လည်း ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများဖြစ်သည်ဟု ခံယူပါတယ်။ ကလေးတွေက စာသင်ချင် ပါတယ်။ ကျောင်သား၊ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင် စာသင်ယူနေတဲ့မြင်ကွင်းကို ကျွန်မတို့မြင်ချင် ပါတယ်။ယခုလိုဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်။
သဇင်