ဘိုကလေး အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု၊ ပေချောင်းကြီးကျေးရွာ၌ အောက်တိုဘာ(၇) ရက်နေ့ ညနေပိုင်း၌ မိုးသည်းထန်းရွာ ရွာသွန်းပြီး မိုးကြိုးပစ်သဖြင့် မိုးကြိုးဘေးကြောင့် အမျိုးသား(၂)ဦးဒဏ်ရာရရှိ၍ မြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိရာ ယမန်နေ့ အောက်တိုဘာ(၈)ရက်နေ့ ညနေပိုင်း၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၎င်းမိုးကြိုးဘေးသင့်သူ(၂)ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်၊ မလော့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ဆေးဝါးကုသမှုခံယူနေသူများ၏ လက်ဝယ်အရောက် မြို့နယ်ကုတင် (၁၀၀)ဆေးရုံ တွင် တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)