တာချီလိတ် အောက်တိုဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၅၀၀) အား ဦးအားတီ ၊ ဒေါ်နန်းခင်ခင်ထွေး (စံလင်းဖြိုး)ကုမ္ပဏီ မိသားစုက အခြေခံစားသောက်ကုန် များကို ယနေ့နံနက် ၁၀ နာရီအချိန်က အာယုဒါန အောက်ဆီဂျင် စက်ရုံ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ထောက်ပံ့ရာ၌ တာချီလိတ်မြို့ရှိ စားဝတ်နေရေး ခက်ခဲလျက်ရှိသည့် အခြေခံအိမ်ထောင်စုပေါင်း (၅၀၀)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထိုင်းဘတ်ငွေ ၄၀၀ တန်ဖိုးရှိ အခြေခံစားကုန်များဖြစ်သည့် ဆန် ရှစ်ပြည်ပါ တစ်အိတ် ၊ စား ဆီ တစ်လီတာဗူး တစ်ဗူး နှင့် ငါးသေတ္တာဗူး ၅ ဗူး၊စုစုပေါင်းတန်ဖိုးဘတ်ငွေ( ၂) သိန်းကို ဦးအားတီ ဇနီး ဒေါ်ခင်ခင်ထွေး (စံလင်းဖြိုး )ကုမ္ပဏီ မိသားစု ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ထောက်ပံ့လှူဒါန်းခြင်းသည် ပထမအကြိမ်ဖြစ်ပြီး ဆက်လက်၍ လှူဒါန်းထောက်ပံ့ပေးသွားရန် စီစဉ်ထားကြောင်း အလှူရှင် ဦးအာတီ ထံမှသိရှိရသည်။
ယာဆေး