မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ၁၀ နေရာခွဲ၍ ထိုးနှံပေး လျက်ရှိ

မင်းဘူး            အောက်တိုဘာ            ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို (၁၀)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သတ်မှတ်နေရာ အသီးသီး၌ ကာကွယ်ဆေးလာရောက် ထိုးနှံသူပေါင်း (၃၃၀၀)ဦးရှိကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ထွေအုပ် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များပူးပေါင်း၍ အသက် (၁၈)နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၊ စကု (..က) ရွာသာယာ၊ မုန်တောင်၊ ဆင်ခေါင်း၊ လေးပင်၊ အိုင်းမ(ဆည်တော်) ကြီးကန်၊ ခန်ကုန်း၊ ကျောက်စံ စသည့် စုရပ်အသီးသီးရှိ RHC နှင့် (..က) ကျောင်းခွဲများတွင် အောက်တိုဘာ ရက်မှ ၁၁ ရက်နေ့အထိ ထိုးနှံပေးသွား ဖြစ်ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာစုရပ်များ၌ သတ်မှတ်ရက်အတွင်း နံနက် နာရီခွဲမှ မွန်းလွဲ နာရီ အချိန်အထိ လာရောက် ထိုးနှံနိုင်ကြောင်းနှင့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပြီးစီးသူ စုစုပေါင်း လူဦးရေ (၂၃၇၈၀)ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)