ပေါက်တောမြို့၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ် စတင်ထိုးနှံ

ပေါက်တော အောက်တိုဘာ  ၁၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စု ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် သာသနာ့ဗိမာန်စုရပ်နှင့် မြို့နယ်အား ကစားခန်းမစုရပ် နှစ်နေရာတို့တွင် ယမန်နေ့ နံနက် ၁၀  နာရီက စတင်ထိုးနှံ ပေးသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လာရောက်ကြည့်ရှုကြသည်။

ကာကွယ်ဆေးထိုနှံပေးရာတွင် ပေါက်တောမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာ မြို့နယ်သာသနာ့ဗိမာန်စုရပ်နှင့် မြို့နယ်အားကစားခန်းမစုရပ် နှစ်နေရာတို့တွင် ကာကွယ်ဆေးထိုးနှံလာကြသူ စုစုပေါင်း(၁၂၉၅)    ဦးထိုးနှံလာကြကြောင်း သိရသည်။

ကျော်သန်း(မြို့နယ်/ပြန်ဆက်)