ညောင်လေးပင် အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ကစ၍ အသက်(၁၈)နှစ်ပြည့်ပြီးသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဦးတည်အုပ်စု (၂၃)အုပ်စုတွင်အသက်(၁၈)နှစ်ပြည့်ပြီးသူများ(ကျောင်းသား၊ ကျောင်းသူများမပါ)အား ထိုးနှံပေးခြင်းဖြစ်ပြီး ညောင်လေးပင်မြို့တွင် မြိုမ(၁)ရပ်ကွက်ရှိ အထက(ခွဲ) ကျောင်း၌ လည်းကောင်း၊ ပြွန်တန်ဆာမြို့တွင် မြို့မ(၃)ရပ်ကွက် အထက(၂)၌ လည်းကောင်း၊ မဒေါက်မြို့တွင် အထက(ခွဲ)ဈေးပိုင်း၌ လည်းကောင်း၊ ပိန်းဇလုပ်မြို့တွင် အထက (၁)၌ လည်းကောင်း၊ နံနက်(၉)နာရီမှ မွန်းတည့် (၁၂) နာရီနှင့် မွန်းလွဲ (၁) နာရီမှ (၃) နာရီအထိ နှစ်ချိန်ခွဲ၍ (၃) ရက် ထိုးနှံပေးမည်ဖြစ်သည်။
အဆိုကာကွယ်ဆေးထိုးနှံပေးခြင်းအား မြိုနယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏စီစဉ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး ရပ်ကွက်ကျေးရွာ အတွင်းရှိ ဦးတည်အုပ်စု (၂၃) အုပ်စုအားထိုးနှံပေးပြီးပါက ကျောင်းသူကျောင်းသား များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်