လှိုင်မြို့နယ် တွင်အသက် ၅၅ နှစ်အထက်ဘိုးဘွားများ၊ လှိုင်မြို့နယ်အတွင်းစျေးအသီးသီးမှ စျေးရောင်းချသူများ၊  ကုမ္ပဏီ၀န်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်း

လှိုင်   ​အောက်တိုဘာ  ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အမှတ်(၁၂)ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံဝန်း၊ လှိုင်ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာတွင် ယနေ့နံနက် ၉ နာရီအချိန်တွင်မြို့နယ်အတွင်းအသက် ၅၅ အထက် ဘိုးဘွားများ၊ လှိုင်မြို့နယ်အတွင်းစျေးအသီးသီးမှ စျေးရောင်းချသူများ၊   ကုမ္ပဏီ၀န်ထမ်းများအား ကာကွယ်ဆေး(ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် စုစုပေါင်း (၁၂၇၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေး စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ လာရောက်ကူညီပေးကြောင်းသိရသည်။လှိုင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ကျန်ရှိနေသောပြည်သူလူထု များကိုလည်း ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)