သုဝဏ္ဏဝတီမြို့တွင် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေး

သထုံ     အောက်တိုဘာ    ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု ခရိုင်ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ကျိုက္ကော်) ရွှေရတုခန်းမ၌ ကိုဗစ်-၁၉ ရောဂါကွယ်ဆေးများ စနစ်တကျ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ ကာကွယ်ဆေးထိုနှံ ရန်ကျန်ရှိ သေးသည့် သတ်မှတ်ဦးတည်အုပ်စုများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း ကို စုရပ် (၅) ရပ်သတ်မှတ်ကာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်း (Volunteer) တို့က လိုက်လံထိုးနှံပေးလျှက်ရှိကြောင်း ကိုဗစ်ကာကွယ်ဆေးထိုးသည့် ပြည်သူများ ပိုမိုများပြားလာ သည့်အတွက် ကူးစက်ပြန့်ပွားမှုနှုန်းလည်း သိသိသာသာ လျော့ကျလာပြီဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးထားပြီးသူများသည်လည်း ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက ပြောသည်။

သုဝဏ္ဏဝတီမြို့တွင် ရပ်ကွက်ကျေးရွာများအတွင်း ကာကွယ်ဆေးထိုးလိုသူများ စာရင်းကို စနစ်တကျ လိုက်လံကောက်ယူ၍ အလှည့်ကျ ကာကွယ်ဆေးထိုးနှံ‌ပေးခြင်ကို ဆောင်ရွက်နေပြီး ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူ ၂၄၆၄ ဦး၊ တစ်ကြိမ် ဆေးထိုးပြီးသူ ၁၀၉၈၇ ဦးရှိကြောင်း သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမူး ဦးမြင့်နိုင်ဝင်း၏ ပြောကြား ချက်အရ သိရသည်။

ကိုကိုဦး(ပြန်/ဆက်)