မြို့သစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေး

မြို့သစ်      အောက်တိုဘာ   ၁၀

မ​ကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ် တားဆီး နိုင်ရေးအတွက်  သက်ဆိုင်ရာနယ်မြေစုရပ်များအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ ထိုနှံပေးရာ  ဦးတည်အုပ်စုများတွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၊  မသန်စွမ်းသူများ၊ နာတာရှည်နရောဂါရှိသူများကို ယမန်နေ့နံနက် ၉ နာရီမှညနေ  ၄ နာရီအချိန်အထိ ပြည်သူ့ကျန်း မာရေးဌာနမှ  ဝန်ထမ်းများက  သတ်မှတ်စုရပ်ဖြစ်သည့်  မြို့သစ်မြို့အမှတ် (၁)အခြေခံပညာ အ ထက်တန်းကျောင်း (ရတနာခန်းမ)တွင် ပထမအကြိမ်အနေဖြင့် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးရာ  မြို့သစ်မြို့အ မှတ်(၁) အခြေခံပညာ အ ထက်တန်းကျောင်း (ရတနာခန်းမ)၌ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် နေထိုင်သူများသည်  စုရပ်သို့ မှတ်ပုံတင်(သို့မဟုတ်) အိမ်ထောင်စုစာရင်းအား ယူဆောင်၍ စာရင်း ပေးသွင်းပြီး ကာကွယ်ဆေးများထိုးနှံရကြောင်း ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်အရေးပေါ် တုန့်ပြန် ရေးကော်မတီထံမှ သိရသည်။  

မြို့သစ်မြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  လူဦးရေစုစုပေါင်း ( ၆၂၃၀)ဦးကို ကာ ကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း ၊ ကာကွယ်ဆေးထိုးနှံပြီးသူများ အန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ် လာပါကအချိန်မှီကုသပေးနိုင်ရန်ကိုလည်းကျန်းမာရေးစီးဌနက စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့ နယ်ကျန်းမာရေးဉီးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)