ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများရှိ အသက်(၄၅)နှစ် အထက်ရှိ သူများနှင့် ဦးတည်အုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူ(၁၅၂၆)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပြီးစီး

ရသေ့တောင် အောက်တိုဘာ ၁၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌  တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများရှိ ခိုလှုံနေကြသည့် အသက်(၄၅)နှစ်အထက်ရှိသူများနှင့် ဦးတည်အုပ်စုများတွင်ပါဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီးတွင် အောက်တိုဘာ ရက်နေ့မှစ၍ နံနက်၉ နာရီမှ ညနေ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက လှည့်ည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်းခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများပြုလုပ်ပြီး  ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်း ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်()ခု၊ ဆေးထိုးနေရာ()နေရာတွင် တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းများတွင် လာရောက်ခိုလှုံနေကြသည့် အသက်(၄၅)နှစ်အထက်နှင့် ဦးတည်အုပ်စုတွင် ပါဝင်သည့် ပြည်သူများအား ဦးစားပေးအလိုက် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ရက်နေ့ထိ ဒေသခံ ပြည်သူစုစုပေါင်း(၁၅၂၆)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)