ကျိန္တလီ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူတစ်ဦး၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်းဖော်ပြ လိုက်ရပါတယ်။
ကျွန်မနာမည်က ဒေါ်မေမြင့်ပါ။ အသက်ကတော့ (၅၄)နှစ်ပါ နေတာကတော့ အမှတ်(၁)ရပ် ကွက်၊ ဦးဥတ္တမလမ်းမှာနေပါတယ်၊၊ အလုပ်အကိုင်ကတော့ မွေးမြူရေးလုပ်ပါတယ်။ ကျွန်မက ကိုဗစ် ဘယ်လိုကူးစက်ခံရလည်းဆိုတော့ ကျွန်မတို့အိမ်မှာ ကျွန်မအမျိုးသားက အရင် ကိုဗစ်ကူးစက်ခြင်းခံရပါတယ်၊ ကျွန်မအမျိုးသားက နှစ်ရက်လောက် အသည်အသန်ဖျားတယ် အဲ့ဒါနဲ့ ကျန်မာရေးဌာနသို့ အမြန်ဆက်သွယ်ပြီး ဆေးရုံမှလူနာတင်ကားဖြင့် လာခေါ်သွားတယ် ကိုဗစ် စစ်ကြည့်လိုက်တော့ ပိုးတွေ့တယ်လို့ ဆေးရုံကအတည်ပြုတယ် အဲ့ဒါနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ်(၃)ရက်လောက်အကြာမှာ ကျွန်မ ကိုယ်လက်ကိုက်ခဲပြီး အပူနည်းနည်း တက်လာတော့ ကိုယ့်ကိုကိုယ်ကူးစက်ခံပြီးလားလို့ သံသယဝင်လာတယ် ဒါနဲ့ကျွန်မလည်း ကျန်းမာရေးဌာနကို ဖုန်းဆက်ပြီးအကြောင်းကြားတယ်။ အဲ့ဒီရက်တွေမှာလည်း ဆေးရုံမှာ ကိုဗစ်လူနာတွေရှိမှုတွေဟာ အရမ်းကိုများနေတဲ့အတွက် ဆေးရုံက ချက်ချင်းလာမခေါ်နိုင်ခဲ့ဘူး နောက်တစ်နေ့ ၁၃-၉-၂၀၂၁ရက်နေ့ လာခေါ်တယ် စစ်ကြည့်လိုက်တော့ ကျွန်မလည်း ကူးစက်ခံနေရပြီဆိုတာ သိလိုက်ရတယ် ကျွန်မကတော့ ဖျားတယ်ဆိုပေမယ့် ရက်အကြာကြီး မဖျားလိုက်ပါဘူး ဆေးရုံရောက်လို့ နှစ်ရက်လောက်ဆို ဖျားတာကောင်းသွားတယ် ၁၇-၉-၂၀၂၁ ရက်နေ့မှာ အသက်ရှုမဝတော့ဘဲ အမောဖောက်လာတယ် အဲ့ဒါနဲ့ ဆရာဝန်ရောက်လာပြီးတော့ အောက်ဆီဂျင် တိုင်းလိုက်တော့ ၉၂/၉၃ လောက်အထိကျနေတာကိုသိလိုက်ရတယ် အဲ့ဒီအခါ ကျွန်မအရမ်းကြောက်တဲ့ စိတ်တွေဝင်လာတော့ ပိုပြီးအသက်ရှုမဝသလို ခံစားလာရတယ် ဆရာဝန်ကတော့ သိပ်ပြီးကြောက်တဲ့စိတ်တွေ၊ စိုးရိမ်စိတ်တွေ မဝင်လာအောင် ပြောပြတယ် ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေ လမ်းညွှန်ချက်အတိုင်းသာနေပြီး ဆေးကုသမှု ခံယူလိုက်ရင် အားလုံးအဆင်ပြေသွား လိမ့်မယ်လို့ပြောပါတယ်၊ အဲ့ဒါနဲ့ ကျွန်မ နှစ်ရက်လောက် သုံးရက်လောက် အောက်ဆီဂျင်ကိုရှုခဲ့ရတယ် ကျွန်မကိုယ်တိုင်ကလည်း ကြောက်တဲ့စိတ်တွေကို တည်ငြိမ်အောင်ထားပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုကို လိုက်နာနေထိုင်ခဲ့တဲ့ အတွက် အမြန်ဆုံးရောဂါသက်သာပျောက်ကင်းပြီး ၁၀ရက် အကြာမှာဆေးရုံကဆင်းခွင့်ရရှိခဲ့လို့ အရမ်းဝမ်းသာမိသလို ကျန်းမာရေး ဝန်ထမ်းများကိုလည်း အရမ်းဘဲ ကျေးဇူတင်ပါတယ်၊ နောက်ပြီး ကျွန်မတို့ပြည်သူများ အနေဖြင့်လည်း ကိုဗစ်ရောဂါတွေ ကူးစက်မှုတွေဖြစ်နေတဲ့ အချိန်မှာ ပေါ့ပေါ့ဆဆမနေဖို့ အိမ်အပြင်ထွက် သွားလာရတဲ့အခါမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်များ အတိုင်းလိုက် နေထိုင်ကြဖို့ Mask ကိုစနစ်တကျတပ်ဆင်ကြဖို့ကိုလည်း ကျွန်မနေနဲ့ ပြည်သူများသို့ တိုက်တွန်း ပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ- ခိုင်မိုးမင်း(ပြန်/ဆက်)