ရခိုင်ပြည်နယ် မောင်တောမြို့၌  အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန် အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

မောင်တော    အောက်တိုဘာ   ၁၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ် ပညာရေးမှူးတို့အား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများ တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ထိုသို့တွေ့ဆုံမေးမြန်းရာတွင်-

မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ

လက်ထောက်ညွန်ကြားရေးမှူး

ဦးကံထွန်းအောင်

မေး ။       ။ မင်္ဂလာပါခင်ဗျာ၊ ဆရာရဲ့ အမည်၊ရာထူး နှင့် တာဝန်ထမ်းဆောင်နေတဲ့ရာထူး တာဝန်ကို သိလိုပါတယ် ခင်ဗျာ။

ဖြေ။    ။ ကျွန်တော်ကတော့ မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင် ဖြစ်ပါတယ်၊

မေး။   ။ ကျွန်တော်တို့ မောင်တောမြို့နယ်အတွင်းမှာပေါလေ ဆရာ အသက်(၁၂)နှစ်နှင့်အထက်     ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံနိုင်ရန် အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဘယ်လိုစီမံဆောင်ရွက်ထားရှိပါသလဲဆရာ။

ဖြေ။     ။      ကျွန်တော်တို့ မောင်တောမြို့နယ် အနေဖြင့် အလယ်တန်းအဆင့် ၊အထက်တန်းအဆင့် အသက်(၁၂)နှစ်နှင့်အထက်   ကာကွယ်ဆေးထိုးနှံခွင့်ရရှိသူ လက်ရှိစာရင်းကောက်ယူရရှိသူ ကျောင်းသား/သူ စုစုပေါင်း (၇၂၉၇) ဦးရှိပါတယ်၊ ဆေးထိုးမည့် စုရပ်တွေကို အစီအစဉ် ထားရှိတာကတော့  စုရပ်ပေါင်း (၅၃)နေရာ စီစဉ်ထားရှိပါတယ်၊    စုရပ်တွေ များနေတာက တော့ စုရပ်တွေနည်းသွားရင် လာရောက်ထိုးနှံမည် ကျောင်းသား/သူတွေနေဖြင့် ဆေးထိုး မည့်နေရာနပ် ဝေးသွားရင်၊ ဆေးလာရောက်ထိုးနှံရာတွင် အခက်အခဲများ မဖြစ်ပေါ်စေရေး အတွက်  ဆေးထိုးမည့် အဖွဲ့တွေကို   ကလေးတွေ အဆင်ပြေစေရေးအတွက်  စုရပ်(၅၃)တွင် နေရာ စီစဉ်ထားရှိတာပါ။  ဆေးထိုးတဲ့အဖွဲ့အပြင် လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကိုလည်း   ကြိုဆိုရေးအဖွဲ့တွေ ဆောင်ရွက် ထား ရှိပါတယ်၊ NGO အဖွဲ့တွေလည်း တတ်နိုင်သလောက် ပါဝင်ကူညီမည်လို  ပြောပါတယ်၊ လုံခြုံရေး တာဝန် တွေကိုလည်း လုံခြုံရေး မကျိုးပေါက်အောင်  ဆောင်ရွက်ထားရှိပါတယ်၊  နောက် တစ်ခုက ကလေးတွေ ဆေးလာထိုးတဲ့အခါ  မိဘအုပ်ထိန်းသူ သဘောတူ ပါဝင်လာနိုင်အောင်  သက်ဆိုင်ရာ  ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကတဆင့်၊ သက်ဆိုင်ရာ ပညာရေးဌာနနဲ့ ပူးပေါင်းပြီး စီစဉ်ထားတာလည်း ရှိပါတယ်၊  အဓိကတော့ ဆေးထိုးခွင့်ရှိတဲ့ ကျောင်းသား/သူတွေ အကုန်လုံး ရာနှုန်းပြည့် ဆေးထိုးနိုင်အောင်အတွက်ကို   ရည်မှန်းပြီး အစစအရာရာ ဆေးထိုး နေရာအလိုက်  သက်ဆိုင်ရာ ဌာနတွေနပ် ပူးပေါင်းပြီး စနစ်တကျ စီစဉ် ဆောင်ရွက် ထားရှိပါတယ်။

မေး ။        ။ ဆေးလာရောက်ထိုးနှံမည် ကျောင်းသား/သူတွေ  ဆေးထိုးစုရပ် လာရောက်နိုင်အောင် ဘယ်လိုများစီမံဆောင်ရွက်ထားရှိပါသလဲ။

ဖြေ။    ။ ဆေးထိုးစုရပ်တွေကိုတော့ ကျောင်းသား/သူတွေရှိတဲ့ နီးစပ်ရာ တွေမှာစီမံဆောင်ရွက်ထား ရှိပါတယ်။အဓိက တော့  ဆေးထိုးနေရာတွေ  အများကြီးကို ဖြန့်ပြီး စီစဉ်ထားတာပါ၊  အလွယ်တကူ လာရောက်နိုင်တဲ့  နေရာတွေကို ရွေးချယ်ပြီး စီမံဆောင်ရွက်ထားပါတယ်။

မေး ။  ။ ဆေးထိုးတဲ့ ကျောင်းသား/သူတွေ သိအောင် ဘယ်လို ဆောင်ရွက်ထားရှိပါသလဲ ။

ဖြေ။    ။  ဆေးထိုးတဲ့ ကလေးတွေ သိအောင်တော့ နှစ်ပိုင်းပေါ့၊  ပထမကတော့  သက်ဆိုင်ရာ ပညာရေး ဌာနမှ  ဆရာ၊ ဆရာမတွေက တဆင့်   အသိပညာပေးတာတစ်ခု၊ နောက်တစ်ခုက ဆေးထိုးနှံခွင့်ရှိတဲ့   ကျောင်းသား/သူတွေရဲ့  အမည်စာရင်းတွေကို သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး   ကြိုပေး ထားရှိပြီး  အုပ်ချုပ်ရေးမှူးတွေကတဆင့် ရွာတွေမှာ ရှိတဲ့ ကျောင်းသား/သူတွေ၊ အုပ်ထိန်းသူတွေ သိရှိအောင်  ဘယ်နေရာ၊ ဘယ်နေ့ ၊ဘယ်အချိန် စသည့်ဖြင့်  ဆေးထိုးရမည် ဆိုတာကို အသိပေးတဲ့  အစီအစဉ်လည်းရှိပါတယ် ။

မေး။    ။ ဆေးထိုးရမည့် အစီအစဉ်နဲ့ ပတ်သက်ပြီး အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်ပြောပြပေးပါ ဆရာ။

ဖြေ ။     ။ကျွန်တော်တို့ကတော့ ဆေးထိုးနှံခွင့်ရှိတဲ့ ကျောင်းသား/သူတွေအားလုံးကို   နိုင်ငံတော်က ဆေးထိုးနှံပေးမည် စီစဉ်ထားတဲ့ ကာလတစ်ခုမှာ  ကျောင်းသား/သူ အားလုံးကလာရောက်  ရာနှုန်း ပြည့် ဆေးထိုးစေချင်ပါတယ်၊  ဘာလိုလဲဆိုတော့ ကျောင်းသား/သူတွေ  ပညာသင်ကြား တဲ့ အခါ စုစုစည်းစည်း နေရတဲ့အတွက်  တစ်ယောက် မထိုးနှံခြင်း အားဖြင့် သူဆီကနေတဆင့် ရောဂါပိုး ကူးစက်လာရင် အခြားသူတွေကို ကူးစက်စေနိုင်တာပေါ့၊ ဒါကြောင့်မို့ အကုန်လုံး လာရောက်ထိုးနှံ စေချင်ပါတယ်။

မောင်တောမြို့နယ်ကုသရေးဦးစီးဌာနမှူး

ဒေါက်တာနုကေသီစံ

မေး ။     ။ မင်္ဂလာပါ ဆရာမ၊  ဆရာမရဲ့ အမည်၊ရာထူး နှင့် တာဝန်ထမ်းဆောင်နေတဲ့ရာထူး တာဝန်ကို သိလိုပါတယ် ခင်ဗျာ။

ဖြေ ။     ။ ကျွန်မကတော့ မောင်တောမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံ ဖြစ်ပါတယ်။

မေး။   ။ ကျွန်တော်တို့ အခုဆိုရင် အသက်(၁၂)နှင့် အထက် ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးနှံမည်ဆေးအမျိုးအစားကို သိပါရစေ ဒေါက်တာ။

ဖြေ။    ။ကျွန်မတို့အနေဖြင့် အောက်တိုဘာ ၁၆ ရက်နေ့ ကို  တစ်နိုင်ငံလုံးထိုးနှံမည် အသက်(၁၂)နှင့် အထက်ကျောင်းသား/သူတွေကို ထိုးနှံမည် ဆေးကတော့ Sinovac အမျိုးအစား ဖြစ်ပါတယ်။

မေး ။         ။ ကာကွယ်ဆေးထိုးနှံပေးရတဲ့ ရည်ရွယ်ချက်လေးသိပါရစေ ဒေါက်တာ ။

ဖြေ ။   ။ အဓိကကတော့  ကာကွယ်ထိုးနှံပေးတာက တစ်နိုင်ငံလုံး ၊တစ်ကမ္ဘာလုံး ကာကွယ်ဆေး ထိုးနှံနေကြတာပေါ့၊ကျောင်းသား/သူတွေကို ထိုးနှံတာက အခြားနိုင်ငံတွေလည်း ထိုးနှံပေး နေပါတယ်၊ အဓိက ရောဂါကူးစက်ခံရရင်ပြင်းပြင်းထန်ထန် မခံစားရတော့ဘူး ၊ သေဆုံးမှုလည်း နည်းပါအောင်ပေါ့ ထိုးနှံပေးရတာပါ။

မေး ။  ။ ဒေါက်တာတို့ ကျန်းမာရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/သူတွေကို ကာကွယ်ဆေး ထိုးနှံပေးမည့်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ သိပါရစေ။

ဖြေ ။   ။ ကျွန်မတို့ ကျန်းမာရေးဦးစီးဌာနအနေနဲ့ လျာထားတာကတော့  အောက်တိုဘာ (၁၆)ရက် နှင့်(၁၇)နေ့များတွင်စတင်ထိုးနှံမည် ပေးမည်ဟု စီစဉ်ထားပါတယ်၊ မြို့ပေါ် ကျောင်းတွေလည်း ပါသလို၊ ဝေးလံတဲ့ ကျေးရွာ ကကျောင်းတွေဆိုရင်  အေဒီကျောင်းတွေမှာ ဆင်းပြီး ကာကွယ် ဆေး သွားရောက်ထိုးနှံ ပေးပါမယ်။ ကာကွယ် ဆေး ထိုးနှံတာကတော့ (၁၀)ရက်နီးပါး ထိုးနှံပေး ရမည်ဟု ခန့်မှန်းထားပါတယ်။

မေး ။    ။ ဟုတ်ကဲ့ပါ ။ ဒေါက်တာတို့အနေဖြင့် တစ်နေ့လျှင် ကျောင်းသား/သူ ဦးရေ ဘယ်လောက်နီးပါး

ထိုးနှံပေးနိုင်ပါမလဲ။

ဖြေ ။   ။မောင်တောမြို့နယ်အနေဖြင့် အသက်(၁၂)နှစ်နှင့်အထက် ထိုးနှံရမှာက ကျောင်းသား/သူ(၇) ထောင်ကျော်ရှိပါတယ်၊ တစ်နေ့ကို ဘယ်နှစ်ယောက်ဆိုတာက၊ ကျောင်းတွေမှာရှိတဲ့ ကျောင်းသား/သူအရေအတွက်နဲ့ဆိုင်ပါတယ်၊မြို့ပေါ်ကျောင်းတွေဆိုရင် တစ်နေ့လျှင်  ထောင်ချီ ရှိတာပေါ့၊ နယ်ဘက်က ကျောင်းတွေကတော့  တစ်နေ့လျှင်ကျောင်းသား/သူ (၅၀)ကနေ့ (၆၀)အထိ ရှိနိုင်ပါတယ်။

မေး ။    ။ အခြား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရမည့် အစီအစဉ်နဲ့ ပတ်သက်ပြီးဖြည့်စွက် ပြောကြားလိုတာရှိရင်ပြောပြပေးပါ။

ဖြေ ။  ။  ကိုဗစ်-၁၉ ရောဂါဆိုရင်   အရင်နှစ် (၂၀၂၀) တစ်နှစ်လုံး  ခံစားခဲ့ကြရပါတယ် ၊ အခု (၂၀၂၁) နှစ်တွင်လည်းကူးစက်ခံရမှု များသလို ၊သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ် ၊ကိုဗစ်-၁၉ ကတော့ နောင်နှစ်တွေလည်းပျောက်သွားမည်ဆိုတာက မဖြစ်နိုင်ပါဘူး ၊ ကိုဗစ်က လူတွေနပ် အတူ ယဉ်တွဲနေထိုင်သလိုဖြစ်နေပါပြီ ၊ ဒါကြောင့်ကိုဗစ်-၁၉  မကူးစက်နိုင်အောင် ၊ မတော်တဆ ကူးစက်မိလျှင်လည်း ပြင်းပြင်းထန်ထန် မခံစားရအောင်  ကိုဗစ်ကာကွယ်ဆေးကိုတော့ ထိုးသင့် ပါတယ်။ ကျောင်းသား/သူတွေကို ထိုးနှံပေးမည် ဖြစ်တဲ့အတွက်ကာကွယ်ဆေးထိုးနှံတဲ့နေရာ တွေမှာ မတော်တဆ တစ်ခုခု အရေးပေါ်လာရင်  ကုသပေးနိုင်အောင်ကျန်းမာရေး ဝန်ထမ်းတွေ ကို အသင့် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။  သက်ဆိုငရာ ဌာနတွေနပ် အကုန်လုံး ချိတ်ဆက်

ဆောင်ရွက်ထားပါတယ်။ ဖြစ်နိုင်ရင် ကျောင်းသား/သူတွေ အားလုံး  ကာကွယ်ဆေးလာရောက်ထိုးနှံကြ ပါ ၊ဘာလိုလဲဆိုတော့ ကျောင်းသား/သူတွေအနေဖြင့် ကျောင်းပညာရေး မသင်ကြားနိုင်တာ နှစ်နှစ်နီးပါ ရှိနေပါပြီ ၊ပညာရေးတွေ နောက်နှေးကုန်ပါတယ် ၊  ကာကွယ်ဆေးထိုးထားရင်တော့ ကျောင်းတွေ အကုန်လုံး ဖွင့်လှစ်ပေးနိုင်မည်ဆိုရင် ကလေးတွေအတွက် အခွင်အလမ်းတွေ ပိုကောင်းလာမှာပါ ။

မေး ။  ။ ဒေါက်တာအနေဖြင့် ကျောင်းသား/သူ မိဘတွေကို ကလေးတွေ ကာကွယ်ဆေးထိုးနှံ နိုင်ရန်အတွက်ဘယ်လိုများ မှာကြားချင်တာရှိပါလဲ။

ဖြေ ။ ။  ကျောင်းသား/သူ မိဘတွေအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို မိမိတို့ ကိုယ်တိုင ်ထိုးနှံထားသလို၊  မိမိတို့သားသမီးများကိုလည်း ထိုးနှံပေးနိုင်ရန် ဦးစားပေးစေချင်ပါတယ် ၊ဆေး ထိုးရာတွင်လည်း မိဘတွေရဲ့သဘော တူညီချက်လိုတာပေါ့၊ မိဘတွေအနေနဲ့ ကာကွယ်ဆေး ထိုးတဲ့နေရာတွေကို မိမိတို့ သားသမီးတွေနဲ့အတူလာပေးနိုင်ရင်တော့ မိဘတွေ အနီးဆုံးရှိရင်  ကလေးတွေအနေနဲ့ စိတ်ဓာတ်ပို လုံခြုံတာပေါ့၊ ကျန်းမာရေးဝန်ထမ်းတွေကလည်း  မိဘတွေ ခွင့်ပြုချက်နဲ့ ထိုးတာဆိုတော့ ပိုပြီတော့ လုံခြုံမှုရှိပါတယ် ။

(တာဝန်ခံ)မြို့နယ်ပညာရေးမှူး

လက်ထောက်ညွန်ကြားရေးမှူး

ဦးမောင်ဝေသိန်း(မောင်တောခရိုင်ပညာရေးမှူးရုံး)

မေး   ။     ။  ဆရာကြီရဲ့ နာမည်နဲ့ ဆရာရဲ့ အမည်၊ ရာထူး နှင့် တာဝန်ထမ်းဆောင်နေတဲ့ရာထူး တာဝန်ကို သိလိုပါတယ် ခင်ဗျာ။

ဖြေ    ။       ။ ကျွန်တော်ကတော့ မောင်တောခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး

ဦးမောင်ဝေသိန်းဖြစ်ပါတယ်၊ လက်ရှိမှာတော့  မြိုနယ်ပညာရေးမှူးရုံးမှာ တာဝန်ခံမြို့နယ်ပညာရေးမှူး

တာဝန်ထမ်းဆောင်နေပါတယ်။

မေး ။       ။ ကျွန်တော်တို့ မောင်တောမြို့နယ်မှာ  အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်အထက်

ကျောင်းသား/သူတွေကို  ကာကွယ်ဆေးထိုး အစီအစဉ်တွေကို ဘယ်လိုများ ဆောင်ရွက်ထားရှိပါသလဲ။

ဖြေ ။  ။ကျွန်တော်တို့ ပညာရေး ဌာနအနေဖြင့်  ကာကွယ်ဆေးထိုးဖို့ ကြိုတင်ပြင်ဆင်ထားတာကတော့ ၊ဆေးထိုးခွင့်ရတဲ့ ကျောင်းသား/သူတွေ အရေအတွက် သတ်မှတ်ပါတယ်၊ နောက်ပြီးရင်  ဆေးထိုးဖို့ ကျောင်းတွေ၊စုရပ် ကျောင်းတွေကိုလည်း သတ်မှတ်ပါတယ် ၊ လုံခြုံရေး အစီအမံများ ကိုလည်း ဆောင်ရွက်ထားရှိပါတယ်။

မေး ။  ။ ဆရာကြီးတို့အနေဖြင့်  ဆေးထိုးဖို့ အကျုံးဝင်တဲ့  ကျောင်းသူ၊ကျောင်းသား ဘယ်လောက်ရှိပါ သလဲ။

ဖြေ ။      ။ ဆေးထိုးဖို့ အကျုံးဝင်တဲ့  ကျောင်းသူ၊ကျောင်းသားအားလုံးကတော့ အလယ်တန်းအဆင့် ကျောင်းသား/သူ၅၇၉၅ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ ၁၅၀၂ ဦး စုစုပေါင်း ကျောင်းသား/သူ  ၇၂၉၇ ဦး ရှိပါတယ်၊

မေး ။     ။ စုရပ်အနေဖြင့် ဘယ်နေရာတွေကို စီစဉ်ထားရှိပါသလဲ။

ဖြေ ။      ။စုရပ်တွေကတော့ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလွန်ကျောင်းတွေ အားလုံး(၅၃)ခုသတ်မှတ်ထားပါတယ်၊

မေး ။    ။ ကာကွယ်ဆေးထိုးဖို့ ဘယ်နေလောက် လျာထားပါသလဲ။

ဖြေ ။    ။  ကျွန်တော်တို့ ပထမ လျာထားတာက အောက်တိုဘာ (၁၃)ရက်နေ့ သတ်မှတ်ပါတယ်။

အခု ထပ်ပြီး ညွန်ကြားလာတာကတော့ အောက်တိုဘာ (၁၆)ရက်နေ့ သိလိုပါတယ်။

မေး ။ ။  ကျွန်တော်တို့ ကျောင်းသား/သူတွေကို သတ်မှတ်နေရာတွင် လာရောက် ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက်ဘယ်လို ဆောင်ရွက်ထားပါသလဲ။

ဖြေ။ ။ ကျောင်းသား/သူတွေ လာရောက်ထိုးနှံဖို့အတွက်  ဆရာ/ဆရာမတွေက တဆင့် အသိပညာ တာရှိသလို၊ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေးအဖွဲ့တွေကလည်း  အသိပေးမှုတွေ ဆောင်ရွက်ထား ပါတယ်။

မေး ။       ။  မကြာခင်မှာ အခြေခံပညာကျောင်းတွေပြန်လည် ဖွင့်လှစ်ဖို့ ရှိကြောင်းသိရတဲ့ အတွက်  ကျောင်းတွေပြန်ဖွင့်ဖို့ဆောင်ရွက်ထားမှုအခြေအနေသိပါရစေ။

ဖြေ ။      ။  ဆရာကြီးတို့အနေဖြင့် ကျောင်းတွေဖွင့်လှစ်တဲ့အခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့်  ကျောင်းပတ်ဝန်းကျင်် သန့်ရှင်းသာယာလှပ စေရေး   ဆောင်ရွက်ထားရန်ညွန်ကြားထားတာတွေရှိပါတယ်။

မေး။ ။ ကာကွယ်ဆေးထိုးနှံရာတွင် အစစအရာ အဆင်ပြေနိုင်အောင် အတွက် ပူးပေါင်းကူညီ ဆောင်ရွက်တဲ့ ဌာန၊အဖွဲ့အစည်းတွေရှိရင်ပြောပြပေးပါ။

ဖြေ ။  ။ ဟုတ်ကဲ့ပါ၊ အခု ပူးပေါင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေကတော့  အဓိကတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊လူမှုကွန်ယက် အဖွဲ့အစည်းတွေနပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။

မေး ။     ။ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ်ဆရာရဲ့ ပီတိ စကားလေးကိုလဲ သိချင်ပါတယ်။

ဖြေ ။    ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ပညာသင်နှစ်တစ်ခုကိုလည်း  ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတွေ

ကျောင်းတက်ခွင့်မရရှိကြဘဲ၊ ပညာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရပါတယ်၊ ယခုနှစ်တွင်လည်း  ကျောင်းဖွင့်လှစ်သော်လည်းကိုဗစ်-၁၉ ရောဂါကြောင့်  ကျောင်းတွေ ယာယီပိတ်ထားရပါတယ် အခုချိန်ထိ၊ အခုဆိုရင် ကိုဗစ် ကာကွယ်ဆေးကိုကလေးတွေကို ထိုးနှံဖို့ သိတဲ့အခါ အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်၊  ကလေးတွေကျောင်းတက်တဲ့အခါမှာလည်း  စိတ် လုံခြုံမှုဖြင့်  ပျော်ပျော်ရွှင်ရွှင်  ကျောင်းတွေ တက်ရောက်နိုင်တော့မှာပါ၊ ကျွန်တော်တို့နှင့်အတူ ကျောင်းသားမိဘတွေကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမယ်လို့ ထင်မိပါတယ်၊ အခုပိုင် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့အတွက် ဆောင်ရွက်ပေးတဲ့ နိုင်ငံတောအကြီးအကဲ များကိုလည်းအထူးပင်ကျေးဇူးတင်မိပါတယ်။

မေး ။     ။ ဆရာကြီးအနေဖြင့် အခြားဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။

ဖြေ ။      ။ကျွန်တော်တို့တွေ  ကျောင်းသား/သူတွေကို ဆေးထိုးဖို့ ဆောင်ရွက်နေတဲ့အခါ မိဘတွေ အနေဖြင့် မိမိတို့သားသမီးတွေနှင့်အတူ ဆေးထိုးမည့်နေရာတွေကို ရောက်လာကြပေးဖို့  မိဘတွေကို တိုက်တွန်းချင်ပါတယ်၊

ဦးသက်လွင်စိုး