မောင်တော အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ကျောင်းသား မိဘ၊ ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများ တွေ့ဆုံမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံမေးမြန်းရာတွင်-
ဒေါ်ခင်ရွှေမိုး (ကျောင်းသားမိဘ)
ဈေးသည်
အသက်(၃၉)နှစ်
မြို့မမြောက်ရပ်ကွက် ၊မောင်တောမြို့။
မေး ။ ။ မင်္ဂလာပါခင်ဗျာ၊ အစ်မရဲ့ အမည်လေးနဲ့ နေရပ်လိပ်စာကို ပြောပြပေးပါအုံးခင်ဗျာ ။
ဖြေ။ ။ ကျွန်မအအမည် ကတော့ ဒေါ်ခင်ရွှေမိုးပါ ၊ မောင်တောမြို့ ၊မြို့မမြောက်ရပ်ကွက် မှာနေပါ တယ်၊
မေး ။ ။ အစ်မရဲ့ အလုပ်အကိုင်ကို ပြောပြလို့ရရင်ပြောပြပေးပါခင်ဗျာ။
ဖြေ ။ ။ ကျွန်မကတော့ ဈေးသည်ပါ ဈေးရောင်းပါတယ်။
မေး ။ ။အစ်မရဲ့ သားသမီးတွေက ပညာသင်ကြားနေတဲ့ ကလေးတွေရှိရင် ကလေးရဲ့က ဘယ်ကျောင်းမှာပညာသင်ကြားနေပါသလဲ၊ တက်ရောက်နေတဲ့ အတန်းကိုလည်း ပြောပြပေးပါခင်ဗျာ။
ဖြေ။ ။ဟုတ်ကဲ့ပါ၊ ကျွန်မမှာတော့ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ် ၊ သမီးလေးကတော့ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ၇ တန်း တက်ရောက်ပညာသင်ကြား နေပါ တယ် ၊ သားယောက်ျားလေး
တစ်ယောက်ကတော့ တက္ကသိုလ်တန်းကို တစ်နှစ်ကျရှုံးထားပါတယ်။
မေး ။ ။ အခုအခါ နိုင်ငံတော်အစိုးရရဲ့ အစီအစဉ်နဲ့ အခြေခံပညာကျောင်းတွေမှာ တက်ရောက် သင်ယူနေကြတဲ့အသက်(၁၂)နှစ် အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးမယ်လို့ ကြေငြာထားပါတယ်၊ အဲ့ဒီအပေါ် ကျောင်းသားမိဘ တစ်ဦးအနေနဲ့ အမြင်လေးကို ပြောပြပေးပါအုံး။
ဖြေ ။ ။ ကျွန်မကတော့ ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးတာကို ကောင်းတယ်လို့ မြင်ပါတယ် ၊ဘာလိုလဲဆိုတာ ကျောင်းသား/သူတွေဟာ ကာကွယ်ဆေး ထိုးလိုက်ခြင်းအားဖြင့် ကျောင်းတွေပြန်ဖွင့်လာရင်လည်းယုံကြည်မှုရှိရှိဖြင့် ကျောင်းတွင် ပညာသင်ယူနိုင်မယ်မြင်ပါ တယ်၊ ကျောင်းသားမိဘအနေနဲ့ နိုင်ငံတော်မှ ယခုလိုဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေး ထိုးနှံပေးတဲ့အပေါ် အလွန်ပင် ကျေးဇူးတင်ပါတယ်။
မေး ။ ။ အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းတွေမှာ ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးဖို့ဆောင်ရွက်နေကြတဲ့ အပေါ် ကျောင်းသားမိဘ တစ်ဦးအနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမယ့်အစီအစဉ်တွေရှိရင်ပြောပြပေးပါလားခင်ဗျ။
ဖြေ ။ ။ ကျွန်မ သားသမီးတွေကိုတော့ ကာကွယ်ဆေးထိုးမည့် နေရက်မှာ ကာကွယ်ဆေးထိုးမည့် နေရာကိုလိုက်လံပို့ဆောင်ပေးမှာပါ၊ ကလေးတွေအကုန်လုံး ထိုးနှံပေးမှာဆိုတော့ ကျွန်မအနေ နဲ့ မိမိနိုင်တဲ့ဘက်က ဆောင်ရွက်ပေးမှာပါ ။
မေး ။ ။ အခုလို ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ ဆောင်ရွက်နေကြတဲ့အပေါ်
ကျောင်းသား မိဘတစ်ဦးအနေနဲ့ ပီတိစကားသံလေးများကို ကြားချင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့၊ ကာကွယ်ဆေးထိုးနှံပေးတာကတော့ ကောင်းတာပေါ့လေ၊ ကျွန်မ ကြားမိတာက တော့ကာကွယ်ဆေးထိုးထားရင် မတော်တဆ ရောဂါကူးစက်ခံရရင် ပြင်းပြင်းထန်ထန် မခံစားရဘူးလို့ သိထားပါတယ် ၊ဒါကြောင့် ကာကွယ်ဆေးထိုးထားတာ အကောင်းဆုံးပါဘဲ ၊ ကာကွယ်ဆေးထိုးနှံပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြတဲ့နိုင်ငံတော်အစိုးရ နှင့် တာဝန်ရှိသူ အကုန်လုံးကို ကျေးဇူးတင်ပါတယ် ၊ ကျွန်မတို့ သားသမီးတွေ ကာကွယ်ဆေးထိုးနှံပေးပြီးတာနဲ့ ကျောင်းဖွင့်ရင် စိတ်ချလက်ချနဲ့ ပညာသင်ယူခွင့်ရရှိကြမည် ဒါကြောင့် အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်မိပါတယ်။
မောင်ကျော်ထက်အောင် (အသက် ၁၄ )နှစ်
သတ္တမတန်း
အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း
မောင်တောမြို့။
မေး ။ ။ သားရဲ့ နာမည် ၊အသက် ၊ ဘယ်ကျောင်း ၊ ဘယ်နှစ်တန်းမှာ ပညာသင်ယူနေသလဲ ။
ဖြေ ။ ။ သားရဲ့ နာမည်က မောင်ကျော်ထက်အောင်ပါ ၊ အမှတ်(၃) အခြေခံပညာမူလတန်း လွန်ကျောင်းမှာ သတ္တမတန်းမှာ ပညာသင်ယူနေပါတယ်။
မေး ။ ။ အခုဆိုရင် သားတို့ကျောင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှာဆိုတော့ ၊သားလေးက ကာကွယ်ဆေးထိုးမှာလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးမှာပါ။
မေး ။ ။ ကာကွယ်ဆေးတွေ ထိုးပြီးရင် ကျောင်းတွေလည်း ဖွင့်မှာဆိုတော့ ၊ကာကွယ်ဆေးထိုး
ထားရင် ရောဂါကူးစက်မှု အတွက် ဘယ်လိုယုံကြည်ချက်တွေ ရှိမလဲ သား။
ဖြေ ။ ။ ဟုတ်ကဲ့ပါ၊ ကာကွယ်ဆေးထိုးထားရင် မတော်တဆ ရောဂါကူးစက်ခံရလျှင်လည်း ပြင်းပြင်းထန်ထန်မခံစားရဘူးလို့ သားသိထားပါတယ်၊ သား ကာကွယ်ဆေးထိုးလိုက်တဲ့အတွက် အိမ်မှာရှိတဲ့ အဘိုး၊အဘောင်၊မောင်နှမတွေကိုလည်း မကူးစက်တော့ပါဘူးလို့ သားထင်ပါတယ်၊ ဒါကြောင့် ကာကွယ်ဆေးထိုးမှာပါ။
မေး ။ ။ သားလေးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့အပေါ်မှာ သားရဲ့ သူငယ်ချင်းတွေကို တွေ ပြောပြချင်သလဲ၊ ဘယ်လို တိုက်တွန်းပေးချင်လဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ ၊သားအနေနဲ့ သားတို့ သူငယ်ချင်းတွေ အကုန်လုံးကို ကာကွယ်ဆေးထိုးနှံစေ ချင်ပါတယ်၊ ထိုးနှံဖို့ လာရောက်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်၊ ကာကွယ်ဆေးထိုးထားပြီးရင် ကျောင်းဖွင့်လာရင် သားတို့ သူငယ်ချင်းတွေအတူ ဆုံစည်းကြမေ အတန်းပညာတွေ တူတူလေ့လာ နိုင်ကြပါမယ် ယုံကြည်နေပါတယ်။
မေး ။ ။သားလေး အခြားဘာတွေပြောချင်သေးလဲ။
ဖြေ ။ ။ မရှိတော့ဘူး ၊ ကျေးဇူးတင်ပါတယ်။
မ နှင်းအေးချို (အသက် ၁၄)နှစ်
အဌမတန်း
အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မောင်တောမြို့။
မေး ။ ။ သမီးလေးရဲ့ နာမည် ၊အသက် ၊ ဘယ်ကျောင်း၊ ဘယ်နှစ်တန်းမှာ ပညာသင်ယူနေသလဲ ။
ဖြေ ။ ။ သမီးနာမည်ကတော့ မနှင်းအေးအေးချိုလို့ ခေါ်ပါတယ်၊ အသက်ကတော့ ၁၄ နှစ်ပါ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မှာ အဌမတန်း ကို တက်ရောက်သင်ယူနေပါတယ်။
မေး ။ ။ အခုဆိုရင် သမီးတို့ကျောင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှာဆိုတော့ ၊
သမီးလေးက ကာကွယ်ဆေးထိုးမှာလား။
ဖြေ ။ ။ ဟုတ်ကဲ့ပါ ၊ သမီးကတော့ ကာကွယ်ဆေးထိုးမှာပါ ။
မေး ။ ။ ဒါဆိုရင် သမီးလေး အနေနဲ့ ကာကွယ်ဆေးကို ဘာကြောင့် ထိုးဖြစ်တာလဲ။
ဖြေ ။ ။ ဟုတ်ကဲ့ပါ ၊ ကာကွယ်ဆေးမထိုးထားရင် အိမ်ကလည်း အပြင်ပေးမထွက်ပါဘူး ၊ ကိုဗစ်-၁၉ ရောဂါကြီးက ကြောက်ဖို့ကောင်းပါတယ်၊ သမီးကာကွယ်ဆေးထိုးပြီးသွားလို့ ကျောင်းတွေဖွင့်ရင်လည်း ယုံကြည်မှုရှိရှိနဲ့ ကျောင်းမှာ အတန်းပညာကို ကောင်းစွာသင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး သွားရောက် ထိုးနှံဖြစ်မှာပါ။
မေး ။ ။သမီးလေးအနေနဲ့ ကာကွယ်ဆေးထိုးဖို့သူငယ်ချင်းတွေကို ဘယ်လိုတိုက်တွန်းပေးချင်သလဲ။
ဖြေ။ ။ ဟုတ်ကဲ့ပါ ၊ သမီးအနေနဲ့ သူငယ်ချင်းတွေကို ကာကွယ်ဆေးကို မဖြစ်မနေ မပျက်ကွက်ဘဲ လာရောက်ထိုးနှံ စေချင်ပါတယ်။ ဆေးထိုးခြင်းအားဖြင့် သူငယ်ချင်းတွေလည်း တူတူ တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည်နဲ့ ကျောင်းတက်နိုင်မည် ထင်မိပါတယ်။
မေး ။ ။သမီးလေး အနေနဲ့ အခြားဘာတွေပြောချင်သေးလဲ။
ဖြေ ။ ။ မရှိတော့ဘူး အားလုံး ကျေးဇူးတင်ပါတယ်။
ဦးသက်လွင်စိုး (ပြန်/ဆက်)