သတင်းများ

အခြေခံပညာအထက်တန်း ၊ အလယ်တန်း ကျောင်းသားကျောင်းသူများ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာများ အသိပေးဆောင်ရွက်
Oct 11,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့၏ကြီးကြပ်မှုဖြင့် အသက်(၁၂)မှ (၁၈)နှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် အသိပေးကြညာချက်များကို ယနေ့နံနက်က မြို့နယ် မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပေးဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့်အသိပညာပေးလုပ်ငန်းများလိုက်လံနှိုးဆော်
Oct 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နနက်ပိုင်း အချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာ နှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုး ဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ္မတူတွင် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးနှင့် ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Oct 11,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ နှစ်ပတ် လည်အစည်းအဝေးနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန် က လိပ်ပြာတောင်ခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် အတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Oct 11,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးနိုင်ရန် အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန် မြို့မနာရီစင် အနီးတွင် ဖြန့်ဝေပေးခဲ့ကြသည်။
ကလိန်အောင်မြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Oct 11,2021
 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက်ထိုးနှံပေးခြင်းကို ရေဖြူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများကအောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်တွင် (က-ထ-က) ကလိန်အောင် ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မေတ္တာမြို့ရှိမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများ ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးလာ ရောက်ထိုးနှံ ရေး လှည့်လှည်နိုးဆော်
Oct 11,2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့်အစီအစဥ်များကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အောက်တိုဘာလ၁၀ရက်နေ့ ညနေ၅နာရီအချိန်က လှည့်လည်နှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 11,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ရပ်ကွက် အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်၊ အေးမြကန်သာရပ်ကွက် နှင့်ဆယ်မိုင်ကျေးရွာ ပြည်သူများအား အထက(၁)နှင့် သီရိမြိုင် အလယ်တန်း ကျောင်းခွဲ၊ ဆယ်မိုင် အထက်တန်းကျောင်းခွဲ အဆောက်အဦတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ(၁၆၇၀၀)ဦး ရှိပြီဖြစ်
Oct 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌‌ ရွှေတောင်မြို့နယ်တွင် သတ်မှတ်ထားသော အသက်ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ပေါက်ခေါင်း မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ အောက်တိုဘာ(၈)ရက်နေ့မှ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၁၆၇၀၀၀)ဦး လာရောက်ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။