ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန အနေဖြင့် ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရေးအတွက် အမြဲဝန်ဆောင်မှုပေး လျက်ရှိရာ ယနေ့ နံနက် ၈ နာရီတွင်လည်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အတွက် ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ပြသလျက်ရှိရာ မြို့နယ်နေ ပြည်သူများမှ စိတ်ပါဝင်စားစွာ လာရောက်‌လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရ သည်။

ဝေယံ (IPRD)