သတင်းများ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Oct 11,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီက စတင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာ များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ကိုဗစ်-၁၉ရောဂါပိုး(၃)ဦးထပ်မံ‌တွေ့ရှိ
Oct 11,2021
‌စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူနာ(၇)ဦးနှင့် လူနာစောင့်(၁၃)ဦးတို့အား Swab နမူယူ၍ RDT Test Kit ဖြင့်စစ်ဆေးကြည့်ရာ (၃)ဦးမှာ Positive အဖြေ ထွက်ရှိခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 11,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
တောင်ငူ၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမည့်သူများအား ဆက်လက်ထိုးနှံပေး
Oct 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမည့်သူများအား ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်အသီးသီးတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာဆေးရုံဆင်း(၉၃၁)ဦးရှိ
Oct 11,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိအနံ့ပျောက်ဝေဒနာခံစားနေရသူများ မှမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့အောက်တိုဘာ (၁၀)ရက်နေ့နံနက်(၁၁)နာရီ အချိန်ခန့်က (၈)ဦးမှာလာရောက် စစ်ဆေးခဲ့ကြရာပိုးမတွေ့ရှိခဲ့သည့်အတွက် ကိုဗစ်-၁၉အတည်ပြုလူနာယနေ့အထိစုစုပေါင်း(၁၀၁၈)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှသိရသည်။
ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်​ရေး ပိုးသတ်​ဆေးဖျန်း
Oct 11,2021
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ လူအသွားအလာများ​​သော ​နေရာများ၊ လမ်း​ဘေးဝဲယာ ​စျေးဆိုင်များ၊ လူ​နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများတို့တွင် ​ယနေ့ နံနက် ၈ နာရီ အချိန်က ပိုးသတ်​ဆေးဖျန်းခြင်း လုပ်ငန်းများ​ ဆောင်ရွက်ခဲ့​ကြောင်း မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ ကော်မတီထံမှ သိရသည်။
ရွှေတောင်မြို့နယ်တွင် သတ်မှတ်ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ(၁၆၇၀၀)ဦး ရှိပြီဖြစ်
Oct 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌‌ ရွှေတောင် မြို့နယ်တွင် သတ်မှတ်ထားသော အသက်ဦးတည် အုပ်စုများအလိုက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို‌ ရွှေတောင်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ အောက်တိုဘာ(၈)ရက်နေ့မှ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ (၁၆၇၀၀)ဦး လာရောက်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်း တာဝန်ပေး အပ်ပွဲပြုလုပ်ကျင်းပ
Oct 11,2021
လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကိုယနေ့နံနက်၁၀နာရီအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။