(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်း ပြိုင်ပွဲများ ပြုလုပ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၈

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်အမှတ် (အကြို) မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲ၊ နံရံကပ် စာစောင် ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမတွင် ပြုလုပ်ခဲ့ သည်။

ပြိုင်ပွဲများမပြုလုပ်မီ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးက ကျောင်းသား၊ ကျောင်းသူကလေးများအား လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ပညာပေး ဟောပြောကာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြသ ထားသည့် နံရံကပ်စာစောင်အားပြသခဲ့ပြီး၊ နံရံကပ်စာစောင်ပါ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများဖတ်ရှု မှတ်သားနိုင်အောင် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပျော်‌ရွှင်စေရန်အတွက် ပန်းချီဆေးရောင် ခြယ်ပြိုင်ပွဲ၊ အတွဲလိုက် ကျောချင်းကပ် ပူဖောင်းညှပ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ပူဖောင်း မှုတ်ပြိုင်ပွဲနှင့် အခြားဂိမ်းကစားနည်းပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီးဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးက အမှတ်တရဆုလက်ဆောင် များချီးမြှင့် ပေးကာ၊ ကျောင်းသား ကျောင်းသူ ကလေးငယ်များအား အာဟာရအဖြစ် နို့ဘူးနှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)