ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Oct 11,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ရပ်ကွက် အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်၊ အေးမြကန်သာရပ်ကွက် နှင့်ဆယ်မိုင်ကျေးရွာ ပြည်သူများအား အထက(၁)နှင့် သီရိမြိုင် အလယ်တန်း ကျောင်းခွဲ၊ ဆယ်မိုင် အထက်တန်းကျောင်းခွဲ အဆောက်အဦတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။