မုံးကိုး ဒီဇင်ဘာ ၁၈
မုံးကိုးမြို့ရုံး၌"လူဆိုသည်မှာ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြီး စာရေးဆရာအောင်သင်းရေးသား သည့် “လူငယ်များလက်ခမောင်းခတ်ကြကုန်”ခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စာဖတ်အသင်းဝင် ဒေါ်ခေါန်ရှောင်က“လူဆိုသည်မှာ” စာအုပ်မှ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “လူနှင့်ဘဝနေနည်း”ခေါင်းစဉ်၊ မမေစံပယ်ဖူးက “လေးစားဖို့သာလို ပါတယ်” ခေါင်စဉ်များဆွေးနွေပြီးတက်ရောက်လာသူများ စာဖတ်ရှိန်မြှင့်တင်ရေး ဆက်လက် ဆွေးနွေးကြကြောင်း သိရသည်။
သန်းဇော်ဦး(မုံးကိုး)