သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲတက်ရောက်
Oct 11,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် (ဒုတိယအဆင့်)အရ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ လူသန့်ချောင်ကျေးရွာအုပ်စု ရေတွင်း ကန့်လန့်ကျေးရွာတွင် တပ်ဆင်ထားသော ကိုယ့်အားကိုယ်ကိုး ကျေးရွာလျှပ်စစ်မီးခလုတ်အား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။
ပုလောမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရေး အသိပေး မြေစိုက်ပိုစတာများ စိုက်ထူ
Oct 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်း အပ်နှံ ထားပြီးဖြစ်သော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအုပ်စု(၅)ခုဖြင့် ထိုးနှံပေးမည်ဖြစ်ရာ ကျောင်းသူ/ သားများနှင့် ကျောင်းသားမိဘများ/အုပ်ထိန်းသူများ ကြိုတင်သိရှိပြီး ကလေးများနှင့် အတူ လာရောက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အသိပေးမြေစိုက် ပိုစတာများကို ယမန်နေ့က စတင်စိုက််ထူကြေညာပေးကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂) နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးပေးမည်
Oct 11,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို Phase 3 (OCT-NOV) First Dose အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်၌ တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေး လျက်ရှိ
Oct 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယမန်နေ့က မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမနှင့် မိုင်းဟိန်းဘုန်းတော်ကြီးကျောင်း၊ မန်ကြူ ဘုန်းတော်ကြီးကျောင်း၊ ကောင်းမောင်ဘုန်း တော်ကြီးကျောင်း၊ ဟိုယကျေးလက်ကျန်းမာရေးဌာနခွဲ၊ လွယ်ငင်းကျေးလက် ကျန်းမာရေးဌာနခွဲတို့တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား တတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး အသီးသီး ထိုးနှံပေးခဲ့သည်။
သိန္နီမြို့နယ်တွင် အသက်(၄၅)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Oct 11,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်သာသနာ့ဗိမာန်၌ ယနေ့နံနက် (၈) နာရီအချိန်ခန့်ကစတင်ကာ အသက်(၄၅) နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် "ပန်းခင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်
Oct 11,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကျုံကရုတ်ကျေးရွာအုပ်စု၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျုံကရုတ် ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများထံပေးအပ် ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်
Oct 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များသို့ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးဦးဇော်ဇော်ဝင်းနှင့်ဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ပေးထားသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံ ပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ညနေ(၃)နာရီ အချိန်ကစိမ်းလဲ့ရေကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့နယ်၌ ဒုတိယအသုတ် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို လူဦးရေပေါင်း(၁၅၉၀)ဦး ထိုးနှံပြီးဖြစ်
Oct 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် စုစုပေါင်းလူဦးရေ (၂၀၀၀)ဦးအတွက် ဒုတိယ အသုတ်အဖြစ် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများအား ပထမအကြိမ်အဖြစ် အောက်တိုဘာလ (၄)ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့သည်။