မင်းလှမြို့တွင် မီးဘေးသင့်အိမ် ထောင်စုဝင်များအား ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

မင်းလှ  ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်း ကျေးရွာတွင် မီးလောင်ကျွမ်းပျက်ဆီး ဆုံးရှုံးသွားသော နေအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က အိမ်တိုင်ရာ‌‌ရောက် သွား‌ရောက်ထောက်ပံ့ပေးအပ်ခဲ့‌ ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က မီးဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားပြီး သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးစကားများ ပြောကြားသည်။

ထို့နောက် ထန်းပင်ကုန်း‌ကျေးရွာ အုပ်စု၊ ထန်းပင်ကုန်းကျေးရွာတွင် ဒီဇင်ဘာ ၁၇ ရက်  မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်ခန့်က မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့် နေအိမ် (၁၆) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၆) သိန်းကျပ်၊ မီးဘေးသင့်ပြည်သူစုစုပေါင်း (၇၄) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၅၅၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇၅၅၄၀၀) ကျပ်နှင့် ကယ်ဆယ်‌‌ရေးပစ္စည်း (၁၇) မျိုးပါ ပလတ်စတစ်ပုံး (၁၆)ပုံးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာတို့က မီးဘေးသင့်ပြည်သူများလက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ