မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်များ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ     အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ  ယမန်နေ့ နံနက်ပိုင်းကမင်းလှမြို့နယ် အတွင်းရှိ ပင်္ဂကျေးရွာ၊ ဘွဲ့ကျေးရွာနှင့် လင်းကယ်ကျေးရွာများတွင် ကျေးရွာနေ‌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍အသိပေး ရှင်းလင်းဆွေးနွေးခဲ့‌ ကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အပါအဝင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က လာရောက် အသိပေးရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ အနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဆေးထိုးအကြိမ်ရေပြည့်စွာ ထိုးနှံကြရန်နှင့် ကျောင်းသား/ကျောင်းသူများ  အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက်ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း‌မွေးမြူရေးနှင့် ကုသ‌ရေးဦးစီးဌာန၊ လယ်ယာ‌မြေစီမံခန့်ခွဲ‌ ရေးနှင့်စာရင်းအင်း ဦးစီးဌာနတို့မှ ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျေးရွာနေပြည်သူများကသိလိုသည်များကို မေးမြန်းခဲ့ကြရာ  တာန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြ ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)