မြန်အောင် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်အောင်မြို့နယ် ကွမ်းတောကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလည် ပတ်ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းနှင့် စမ်းရွာကြီးကျေးရွာအုပ်စု သပြေကုန်း+ ဥယျာဥ်ကွင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းတို့ကို ယမန်နေ့ နံနက်က အဆိုပါကျေးရွာများအရောက် ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာ(၂)ရွာမှ အသင်း သား စုစုပေါင်း (၂၉၂)ဦးအတွက် ငွေကျပ် (၈၈.၂)သန်းအား မြစိမ်း ရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံ ငွေထုတ်ချေးပေးရာတွင် စနစ်တကျရှိစေရေးနှင့် အမှားအယွင်းမဖြစ်ပေါ်စေရေးတို့ အတွက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်