ငွေဆောင်မြို့တွင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများမှ ယာဉ်များအား ပိတ်ဆို့ ရှာဖွေခြင်းများ ဆောင်ရွက်
Oct 11,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ခရိုင်၊ ငွေဆောင်မြို့အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယာဉ်များအား ပိတ်ဆို့ရှာဖွေ ခြင်းများကို ယနေ့နံနက် ၇ နာရီချိန်တွင် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ယင်းသို့စစ်ဆေးရာတွင်ငွေဆောင်မြို့ဌာနဆိုင်ရာများနှင့်လုံခြုံရေးပူးပေါင်းအဖွဲ့တို့ဖြင့်မြို့အဝင်ဂိတ်၊မြို့မလမ်းဆုံ၊ကမ်းခြေဆင်းလမ်း တို့တွင်ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို ရပ်တန့်စေပြီး ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ကြသည်။