သတင်းများ

ကွန်ကရစ်ပစ္စည်းများ ဝယ်ယူအသုံးပြုသူ ပုံမှန်ရှိ
Oct 11,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် မိသားစုတစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချ လျက်ရှိသည့် ကွန်ကရစ် ပစ္စည်းများမှာ ပုံမှန်အရောင်းအဝယ်ရှိကြောင်း၊ ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချသူ ဦးမျိုးဝင်းထံက သိရသည်။
ဘုတ်ပြင်းမြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြသည့် ပရဟိတအဖွဲ့အစည်းများနှင့်Quarantine Centre များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များအား စေ့တနာ့ဝန်ထမ်း သင်တန်းဖွင့်လှစ်
Oct 11,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ  ကြီးကြပ်မှုဖြင့် ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာများတွင် တာဝန်ထမ်းဆောင်ကြသည့် ပရဟိတ အဖွဲ့အစည်းများနှင့်နှင့်Quarantine Centre များတွင် တာဝန်ထမ်းဆောင်နေသော Volunteer များ အား စေတနာ့ဝန်ထမ်း သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်ကက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး သပြေခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် လိုက်လံနှိုးဆော်
Oct 11,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးများ ထိုးနှံကြရန် နှိုးဆော်ခြင်း ကို ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် စာရေးဆရာမ အေးဖြူရေးသားသော "ဖတ်မိသမျှတွေမျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ် ဝိုင်း ပြုလုပ်ကျင်းပ
Oct 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့် ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမ အေးဖြူ ရေးသားသော "ဖတ်မိသမျှတွေ မျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
တာချီလိတ်၌ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးအပ်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား(၁၅၈)ဉီးအားစနစ်တကျ ကြိုဆိုလက်ခံ
Oct 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မြန်မာ-ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အမှတ်(၂)မှ တစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်း​လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား(၁၅၈)ဉီးအား ယနေ့နေ့လည်ပိုင်းက မြန်မာတာဝန်ရှိသူများက စနစ်တကျ ကြိုဆို လက်ခံခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌအား တွေ့ဆုံမေးမြန်းခြင်း
Oct 11,2021
ကျိုက်ထိုနယ်၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းတွင် သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ဆောင်း ပဲမျိုးစုံ စိုက်ဧကများတွင် နေကြာသီးနှံ သီးညှပ် စိုက်ပျိုးရေးအတွက် နေကြာ မျိုးစေ့ပေးအပ်ပွဲ ပြုလုပ်
Oct 11,2021
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၁-၂၀၂၂ ခုနှစ်ဆောင်း ပဲမျိုးစုံ စိုက်ဧကများတွင် နေကြာသီးနှံ သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် နေကြာမျိုးစေ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရာဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးမှုများ စစ်ဆေးခြင်း ကြပ်မတ်ဆောင်ရွက်
Oct 11,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။