လှိုင် ဒီဇင်ဘာ ၂၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေကို ဖတ်ရှုခြင်းဖြင့် အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများ ရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းသီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ညီညီနိုင်(မြန်မာပြန်) ဆိုထားသည့် အောင်ပွဲဝင်ခြေလှမ်းများ စာအုပ်ပါ အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေကို ချစ်မြတ်နိုးသူများနှင့် စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ပေးလျက်ရှိသည့် အပြင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း Talk Show အသိပညာပေးခြင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့ စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ် စာစောင်မျိုးစုံတို့ကို စာဖတ်ပရိသတ်များ ငှားရမ်း ဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်းလည်း သိရသည်။
သီတာ(ပြန်/ဆက်)