ကြံခင်းမြို့လူထုအခြေပြု ဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်၊ စာစောင်ပြပွဲကျင်းပပြုလုပ်.   

ကြံခင်း. ဒီဇင်ဘာ  ၂၀

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်၊စာစောင်ပြပွဲကို ယနေနေ့လည်(၁၂)နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါစာအုပ် စာစောင်ပြပွဲတွင်လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် သုတစာပေ၊ရသစာပေများအပြင် ၊ အခြားဗဟုသုတရစေမည့်သုတစာပေမျိုးစုံ၊ ရသစာပေစုံလင်စွာခင်းကျင်းပြသထားရာ  စာပေဖတ်ရှု့လေ့လာသူ ပြည်သူများမှ ခင်းကျင်းပြသထားသော သုတစာအုပ်မျိုးစုံ၊ ရသစာအုပ်များ၊အပျော်ဖတ်ရုပ်ပြ၊ကာတွန်းများအားလာရောက်လေ့လာဖတ်ရှု့ကြကြောင်းသိရသည်။ 

ထိုနောက်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုစာအုပ် စာစောင်များပြသခြင်းကိုစာပေချစ်မြတ်နိုးသူများနှင့်စာပေဝါသနာရှင်များလာရောက်လေ့လာဖတ်ရှု့ဌားရမ်းနိုင်ပါကြောင်း နှင့် ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်Online pageမှကြော်ငြာပေးထားမည်ဖြစ်ကြောင်းသိရသည်။

မိုးမိုး