ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၀
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အခြေခံပညာကျောင်း များမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်(၁၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း လည်း သိရသည်။
ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ လွတ်လပ်ရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုသိရှိစေရန်နှင့် အတွေးအခေါ် များ မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူ(၃)ဦး တို့ကိုလည်း စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးမြင့်သောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆုလှိုင်နှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)