ရမည်းသင်း ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေ ပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားကာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် Online Media ပုံပြော ပြိုင်ပွဲတွင် (နှစ်သိမ့်ဆု)ရရှိသူ ရမည်းသင်းခရိုင် ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့သော မြို့မအခြေခံ ပညာအထက်တန်းကျောင်း Grade-6 တွင် ပညာသင်ကြားနေသည့်ကျောင်းသူ မနန်းဟွမ်လျန်း အား ရမည်းသင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြဉ္ဇူမြင့်ကဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့် ပြီးမြို့နယ်ပညာရေးရုံး လက်ထောက်ပညာရေးမှူး ဦးသိန်းဟန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရမည်းသင်းခရိုင်ရုံးတွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသပွဲနှင့်နံကပ်စာစောင်ပြပွဲခင်းကျင်းပြသထားရာ ဌာနဆိုင်ရာအကြီအကဲများနှင့် ဆရာကြီး ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဇော်ဝင်းအောင်