မာန်အောင် ဒီဇင်ဘာ ၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၂၇ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို မာန်အောင်မြို့ ပြည်သူ့ဆေးရုံနှင့် ရဲကျွန်း၊ ကမား ကျန်းမာရေး ဌာနတို့တွင် ယနေ့နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများက ဆေးမထိုးမီ ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်တိုင်းခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းခြင်းများ ဆောင်ရွက်ပြီး ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများကိုသာ ထိုးနှံပေးကာ မိနစ်(၃၀)ကြာ စောင့်ကြည့်ထိုးနှံပေး လျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိ ကျောင်းသား/သူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)