ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၉)ရပ်ကွက်၌ ရေစီးရေလာကောင်းမွန်ရေး စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်

ဒဂုံမြောက် ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက်  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးကော်မတီမှ မြို့နယ်အတွင်း  အမှတ်(၄၉)ရပ်ကွက် အတွင်းရှိ ဘုရင့်နောင်လမ်းနှင့် ပုန်းညက်မြိုင်လမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက စက်ယန္တယားကြီးများဖြင့် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင် ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေး ရေစီးရေလာမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြို့နယ်အတွင်း  ရေစီးရေလာ ကောင်းမွန်ရေးအတွက် အမှတ်(၄၉)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ပုန်းညက်မြိုင်လမ်းထောင့်ရှိ ရေနုတ်မြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်များ၊ နှုန်းများနှင့် ပိတ်ဆို့‌နေသောရေမြောင်းအား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့်  ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၄၉) ရပ်ကွက်အတွင်းရှိ ရေမြောင်းများမှ ရေများ ဘုရင့်နောင်လမ်းတစ်လျောက် မြောင်းမကြီးမှ  ထားဝယ်ချောင် ချောင်းမကြီးသို့စီးဆင်းသွားမည်ဖြစ်၍ ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်သွားမည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများအတွက် အကျိုးရှိ‌သောလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အင်ဂျင်နီယာဌာန(ရေစီးရေလာ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြင့်မြင့်ရီ