သတင်းများ

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ ၂၂ ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းက ရွှေပေါက္ကံ ၂၂ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေကန်(၃၀၂)လုံးဆောင်ရွက်ပေး
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘာဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိသုံးစွဲနိုင်ရေး ရေကန်ပေါင်း (၃၀၂)လုံးအား ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ၌ နည်းပညာဆန်းသစ်တီထွင်မှုထောက်ပံ့ရေးစင်တာ (TISC) ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 14,2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်း၍ နည်းပညာဆန်းသစ်တီထွင်မှုထောက်ပံ့ရေးစင်တာ Technology and Innovation Support Center (TISC) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်၌ အကြိုအခြေခံ မီးသတ်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်
Jul 14,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်တားဆီးနိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းကို ယမန်နေ့နံနက် (၉:၃၀) က မြို့နယ်မီးသတ်စခန်းတွင် ဖွင့်လှစ်သည်။
မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် ကျောင်းပေါင်းစုံ(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဖလား အသက် (၁၉) နှစ်အောက် ကျောင်းပေါင်းစုံ (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်  ၁၃ ရက် ညနေ ၄ နာရီက မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပ
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးတက်ပြီး ဘလငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာသင်ခန်း၌ ကျင်းပပြုလုပ်သည်။
သီပေါမြို့တုံစင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲပြုလုပ်ဆောင်ရွက်
Jul 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တုံစင့်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။