ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက် ကွန်ကရစ်ခင်းခြင်းအား ကွင်းဆင်းစစ်ဆေး
Oct 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ တာဝန်ယူဆောင်ရွက်မည့် ပဆင-မရမ်းဝ-မှော်အိုင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။