သတင်းများ

နတ်မောက်မြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဖြူးမြို့နယ်၊ ညောင်ပင်သာ အ.ထ.က ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jul 14,2026
ကျောင်းသားအရွယ်မှစတင်ကာ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ်များရင့်သန်စေရေးအတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ​ဖြူးမြို့နယ်၊ ညောင်ပင်သာ အ.ထ.ကကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ဖလမ်းမြို့နယ်ရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော စပျစ်သီးစိုက်ပျိုးရေးခြံများ၊ စပျစ်ဝိုင်ထုတ်လုပ်နေမှုနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင် တန်းကျောင်းတို့ကို ကြည့်ရှု
Jul 14,2026
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့် အတူဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၂ ရက်နေ့က ဖလမ်းမြို့နယ်ရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သော စပျစ်သီးစိုက်ပျိုးရေးခြံများ၊ စပျစ်ဝိုင်ပြုလုပ်နေမှုများ၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းနှင့် အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းများကို ကြည့်ရှုသည်။
နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း ငှက်ပျောစိုက်ပျိုးရေးနည်းစနစ် အသိပညာပေးဟောပြောပွဲ တက်ရောက်ချီးမြှင့်
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းသည် ယနေ့နံနက်(၀၈:၃၀)နာရီအချိန် လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ကျင်းပပြုလုပ်သည့် ငှက်ပျောစိုက်ပျိုးရေးနည်းစနစ် အသိပညာပေးဟောပြောပွဲ တက်ရောက်ပါသည်။
မအူပင်မြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် မီးသတ်ဦးစီးဌာနမှ ဇာတ်တိုက်လေ့ကျင့်
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို၌ သဘာဝဘေး အန္တရာယ်များကျရောက်ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက မင်းဧရာတံတားအနီး၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ၊ တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
ခန္တီးမြို့၌‌ မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်အချို့ရေဝင်ရောက်မှု အခြေအနေနှင့် ရေထိန်းတံခါးများအား လိုက်လံကြည့်ရှုစစ်ဆေး
Jul 14,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်မြေနိမ့်ပိုင်း ရှိနေအိမ်အချို့ ရေဝင်ရာက်မှု အခြေအနေများနှင့် မြစ်ရေထိန်းတံခါးများအား ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှုစစ်ဆးခဲ့သည်။
ဘိုကလေးမြို့နယ်တွင် သစ်ပင်လဲ၍ အိမ်ပြိုခဲ့သည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ 
Jul 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင်(၁၂)ရက် ညနေ (၃)နာရီ ကျော်က မိုးသည်းထန်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁) ရပ်ကွက်၊ နောက်တိုးချဲ့လမ်းတွင် သစ်ပင်ပြိုလဲပြီး အိမ်ပေါ်ပိသဖြင့် (၃)ခန်းတွဲ လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ရာ ယမန်နေ့နေ့လယ် (၂) နာရီအချိန်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့က အိမ်ပြိုကျပျက်စီးသည့် အိမ်ထောင်စုဝင်များအား ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့မှုများ ဆောင်ရွက် ခဲ့ကြသည်။
ပြည်မြို့ အ.ထ.က (၅) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Jul 14,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၅) ရှိ "ပညာတံခွန်ခန်းမ" ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ "စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း" အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။