သတင်းများ

ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်
Dec 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လျှပ်တစ်ပြက် အားကစား ပြိုင်ပွဲနှင့် အ​ခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 23,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်တွင် (၇၄)နှစ်​မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လျှပ်တစ်ပြက် အားကစားပြိုင်ပွဲနှင့် အ​ခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့်  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
မိုင်းခတ်မြို့နယ် ခြေခံပညာအထက်တန်း​ကျောင်း၌ (၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲများ ကျင်းပ
Dec 23,2021
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ၄ရက်​နေ့တွင် ကျ​ရောက်မည့်(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​​နေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲကို ယ​မန်​နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ အသက်(၁၈)နှစ် ပြည့်ပြီးသော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဗန်းမော်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်
Dec 23,2021
၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့၌ ဆောင်းသီးနှံနေကြာစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကျေးရွာအများစုတွင် စိုက်ပျိုး ထားသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင်  နေကြာ‌အောင်စေ့များရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဝမ်‌ယေးကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးမျိုးအောင်က ပြောကြားသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အအထိမ်းအမှတ် Talk Show ဆောင်ရွက်
Dec 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ထာဝရမမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။