ဗန်းမော် ဒီဇင်ဘာ ၂၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးရောင်ခြယ်ပြိုင်ပွဲတွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြသက်ဦးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းကျောင်းအဆင့် ကျောင်းသားကျောင်းသူ(၁ဝ)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)