သတင်းများ

ကံမမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အနာဂတ်ကိုမျှော်တွေးပါ စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယမန်နေ့နေ့လည် ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Clup) အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ အနာဂတ်ကိုမျှော်တွေးပါ စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြသည်။
အောင်လံမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ကြေညာ
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ် မြို့မဈေးကြီးတွင် မီးငြိမ်းသတ်ရေး ဇက်တိုက်လေ့ကျင့်
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် မြို့မဈေးကြီးတွင် ယနေ့နံနက် (၁၀)နာရီက မီးငြိမ်းသတ်ရေး ဇက်တိုက် လေ့ကျင့်ခဲ့ကြသည်။
မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်နှင့်အထက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူ (၅၃၅) ဦးရှိပြီးဖြစ်
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြေးခံကျေးရွာအုပ်စုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသည့်အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများ ၅၃၅ ဦးအား ဒီဇင်ဘာ ၂၂ ရက်နေ့တွင် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်းတာဝန်ရှိသူများထံမှသိရသည်။  
ဝန်းသိုမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများအား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးသူများပြား
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ အုပ်ဖိုကျေးရွာ၊ လက်ပံကြီးတော၊ သရက်အိုက်၊ ဂွေ့ကြီး၊ ရှမ်းစုကျေးရွာနှင့် စိန်လည်ကျေးရွာများရှိ ဟင်းသီးဟင်းရွက် (ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကိုက်လန်၊ ရွှေပဲသီး) နှင့် စားဖိုဆောင်သီးနှံ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး)၊ ဂန္ဓမာပန်း၊ မေမြို့ပန်းစိုက်ခင်းများတွင် ရေသွင်းစိုက်ပျိုးခြင်းအစား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးအသုံးပြုသူ များပြားလာကြသည်။
ကျိုက်လတ်မြို့နယ်Community Centreခန်းမတွင်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရုံး Community Centreခန်းမ လူထုအခြေပြုဗဟိုဌာန တွင် ယနေ့နေ့လည် ၁၂နာရီက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်စာစောင်ပြပွဲ နှင့် စာအုပ်ပြပွဲများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆေးဆိုင်များတွင် ဆေးပစ္စည်းများကို စျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေး
Dec 23,2021
မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ ပူး‌ပေါင်း၍ ယ‌နေ့ နေ့လယ် ၁ နာရီက ပေါက်ခေါင်းမြို့ပေါ်တွင် ရောင်းချလျက်ရှိသော  ဆေးဆိုင်များရှိ ဆေးပစ္စည်းများကို စျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံနှင့် စက်သုံးဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 23,2021
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်း က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာစိန်လင်းသစ်ပါးလွှာစက်ရုံနှင့် Moe Family စက်သုံးဆီအရောင်းဆိုင်တို့အား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။