ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အအထိမ်းအမှတ် Talk Show ဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ထာဝရမမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လွတ်လပ်ရေကြိုးပမ်းမှုသမိုင်းနှင့် အသက်သွေးချွေးတို့ဖြင့် ပေးဆပ်ရယူခဲ့သော လွတ်လပ်ရေးကို နောင်လာနောင်သားများ ထာဝစဉ်မမေ့မလျော့ ထိန်းသိမ်းကာကွယ်အပ်ပုံများကို  မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဝင်းသိန်းတို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ