မိုင်းရှူးမြို့၌ (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အကြိုအားကစားပြိုင်ပွဲများကျင်းပ
Dec 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိုင်းရှူးမြို့၊ အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်းတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အမကကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။