ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ကျိုက်လတ် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဇေယျက မြို့နယ်အား Green City, Clean City မြို့ဖြစ်ရေး ဆောင်ရွက် ကြရန်၊  ရုံးများ ဥပဓိရုပ်ကောင်းမွန်ရေး သန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရာတွင် ဌာနများအား လုံး ပူးပေါင်းပါဝင်ကြရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး သက်ဆိုင်ရာကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ထူး ဆောင်တံဆိပ် ချီးမြှင့်နိုင်ရေး ရွေးချယ်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံရန် ကျန်ရှိသူများ ဆက်လက်ထိုးနှံနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် ၊ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးနှင့် လုံခြုံရေးကိစ္စများ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်မြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်  ဆက်လက်လုပ်ကိုင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများက     လုပ်ငန်းဆောင်ရွက်နေမှုများနှင့်   ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြ ခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်