မိုင်းခတ်မြို့နယ် ခြေခံပညာအထက်တန်း​ကျောင်း၌ (၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲများ ကျင်းပ

မိုင်းခတ်   ဒီဇင်ဘာ  ၂၃

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ၄ရက်​နေ့တွင် ကျ​ရောက်မည့်(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​​နေ့ အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲကို ယ​မန်​နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ကျောင်းသား/သူများ ကျန်းမာ​ပျော်ရွှင်ပြီး အစုအဖွဲ့နှင့်ပူး​ပေါင်း​ဆောင်ရွက်တက်​စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ​ပေါ်ထွက်လာ​စေရန် ရည်ရွယ်၍ ကာယ၊ ဉာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်​ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်​ကျောင်းသား/သူများက ထုတ်ဆီးတိုးပြိုင်ပွဲနှင့် အခြားအာကစားနည်းများ၊ အငယ်တန်း​ကျောင်းသား/သူများက မုန့်စားပြိုင်ပွဲ၊ ပူစီ​ပေါင်း​ဖောက်ပြိုင်ပွဲနှင့် အခြားအားကစားနည်းမျိုးစုံကျင်းပ​ပေးခဲ့ပြီး အဆိုပါ အားကစားပြိုင်ပွဲကို​ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများ၊​ ကျောင်းသား/သူများ စု​ပေါင်း၍​ပျော်ရွင်စွာကျင်းပခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)