ညောင်လေးပင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်

ညောင်လေးပင် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ အသက်(၁၈)နှစ် ပြည့်ပြီးသော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဦးတည်အုပ်စု (၂၃)အုပ်စုတွင် ပါဝင်​သော အသက်(၁၈)နှစ်အထက် ပြည်သူများအား ညောင်လေးပင်မြို့ မြို့မ(၁)ရပ်ကွက်ရှိ မဟာတိလောက သယမ္ဘူဘုရားကြီး ဝန်းအတွင်း၌ ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)