မိုးညှင်း ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တာဆီးကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မိုးညှင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အတွင်းရေးမှူး ဒေါ်ခင်မာဆွေက အကြမ်းဖက်မှုဆိုတာ အကြောင်းအရာကို လည်းကောင်း၊ အကြမ်းဖက်မှုကို အမျိုးသမီးများအနေနဲ့ ဘယ်လိုကာကွယ်ရမလဲ အကြောင်းအရာနှင့် ယခုကာလ မြန်မာအမျိုးသမီးများရဲ့ အခြေအနေ အကြောင်းအရာများကို လည်းကောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲသူရအာင်