သတင်းများ

တိုက်ကြီးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသော ကြေညာချက်အား ပြည်သူများ သိရှိလိုက်နာနိုင်စေရေး အသိပေးနှိုးဆော်
Dec 23,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၉.၁၂.၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်ထားသော အသိပေးကြေညာချက်အား ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ
Dec 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေ ရန်နှင့် ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဝေးလံခေါင်ဖျားကုန်းမလန်းဒေသသို့ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ဝေးလံခေါင်ဖျားကျေးရွာများဖြစ်သော ဟိုလွိုင်ကျေး ရွာအုပ်စုအတွင်းရှိကျေးရွာများဖြစ်သော ကုန်းမလန်းကျေးရွာနှင့် နားတောင် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ရေနံအစမ်းတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လူထု တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Dec 23,2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော ONGC Videsh Limited (OVL) ကုမ္ပဏီ၏ ကုန်းတွင်းရေနံ လုပ်ကွက် EP-3 တွင် ရေနံအစမ်းတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ် အောင်ဇာနည်ကုန်းကျေးရွာ၌ VDP စီမံကိန်းရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အောင်ဇာနည်ကုန်းကျေးရွာတွင် မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း ၁၀၀ဖြင့် (ရေရရှိရေးလုပ်ငန်း) အကျယ် ၄လက်မခွဲ၊ အနက်ပေ ၄၀၀ရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှသိရသည်။
ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲနေသည့် ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်ဓာတ်သုံးစွဲနေသည့် ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ဓာတ်အားပြတ်တောက်မှုမရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးတို့အတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Dec 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးကျင်းပသည့် မိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံ ပြပွဲကျင်းပ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက် ကြသည်။