ရေတာရှည်မြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လျှပ်တစ်ပြက် အားကစား ပြိုင်ပွဲနှင့် အ​ခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ရေတာရှည် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်း​ဒေသကြီး​တောင်ငူခရိုင်​ရေတာရှည်မြို့နယ်တွင် (၇၄)နှစ်​မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လျှပ်တစ်ပြက် အားကစားပြိုင်ပွဲနှင့် အ​ခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့်  ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်းများအတွက် ပြိုင်ပွဲဝင်​ဘောလုံးများပေးအပ်ခဲ့ သည်။

အဆိုပါ​ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် အ.ထ.က (ရေတာရှည်) အသင်းနှင့် အ..က(သာဂရ) အသင်းတို့က စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး  (၂၃-၁၂-၂၀၂၁) ရက်နေ့မှ (၄-၁-၂၀၂) ရက် နေ့အထိ ဘောလုံး အသင်းပေါင်း (၆)သင်းဖြင့် ကျင်းပသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)