သတင်းများ

​မွန်​ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး
Dec 23,2021
မွန်​ပြည်နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ် အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုမဖြစ် ပေါ်စေရန် ရည်ရွယ်၍ ရုံးဌာနများ၊ ကုမ္ပဏိများ၊စက်ရုံ၊ အလုပ်ရုံများ၊ စျေးများ နှင့်ရပ်ကွက်/ကျေးရွာများအလိုက်မီး​ဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာယနေ့နံနက်ပိုင်းက ၊မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများသည် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန ဌာနဝန်ထမ်းများ အားအသိပညာ ပေးခြင်း နှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး ကြောင်းသိရသည်။
တံတားဦးမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်
Dec 23,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး ၊ ယနေ့နံနက်(၇)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန လူထုအအခြေပြု ဗဟိုဌာန ( Community Centre )ခန်းမ၌ ဒေသခံ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို အလွယ်တကူ သိရှိလေ့လာ လိုက်ပါ ဆောင်ရွက်နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အစီအစဉ်များကို သရုပ်ပြဆောင်ရွက်ကြ ကြောင်းသိရသည် ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 23,2021
​စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် နံရံကပ်ဘုတ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကျီးမနိုးတောရကျောင်းရှိ ရဟန်းသံဃာများအတွက်  ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Dec 23,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေ ချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်/ဆီ/ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျီးမနိုးတောရကျောင်းတွင် ဆွမ်း ဆန်/ ဆီနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများ အား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရ သည်။
ဖျာပုံမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပပြုလုပ်
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေးအတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြိုစာအုပ်ပြပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲကိုယမန် နေ့မွန်းလွဲပိုင်းကမြို့နယ်ပြည်သူ့စာကြည့်တိုက်လူထု အခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ သန်လျင်၌ ကျင်းပ
Dec 23,2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တောင်ပိုင်းခရိုင် (ခရိုင်)အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။