ကျောက်ဖြူ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ပြည်သူများလေ့လာသိရှိဖတ်ရှုနိုင်စေရန်ဗီနိုင်းပိုစတာဖြင့် ယနေ့၊ နံနက်ပိုင်းက စတင်ခင်းကျင်း ပြသလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ရှေ့လုပ်ငန်းစဉ်(၅)ရပ် လုပ်ငန်းများဆောင်ရွက်သည့် မှတ်တမ်း ဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ် တွင်ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်သည့် မှတ်တမ်းပုံများပါဝင်သည့် ဗီနိုင်းပိုစတာဖြင့် အများပြည်သူများ လေ့လာဖတ်ရှု သိရှိနိုင်စေရေး ဝေဝေဆာဆာပြသထား သည်။
ထိုသို့ ဝေဝေဆာဆာပြသဆောင်ရွက်ထားရှိသည့်အတွက် အများပြည်သူများ၊ ဈေးသွား/ ဈေးလာများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် အလွယ်တကူ လေ့လာဖတ်ရှု ကြကြောင်းသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း