စစ်တွေမြို့၌ မဇျ္စိမ တံခါးပန်းချီပြပွဲကျင်းပ

စစ်တွေ ဒီဇင်ဘာ ၂၄

မဇျ္စိမတံခါး ပန်းချီပြပွဲကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ မြောက်ဒဂုံ၌ နေထိုင်ပြီး မဇျ္စိမတံခါး ပန်းချီပြပွဲတွင် ပန်းချီကားများ လာရောက်ပြ သသူ ပန်းချီဆရာ သန်းကျော်ဌေးက “ရခိုင်အမျိုးသားပန်းချီပညာရှင်တွေ စုပေါင်းပြီးတော့ ဒီလိုပြပွဲမျိုးတစ်ခါမှ မလုပ်ဖြစ်ကြသေးဘူးပေါ့။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ဒေသမှာရှိတဲ့ ဒေသခံတွေကို ကျွန်တော်တို့ ပန်းချီဆရာတွေဟာ ကိုယ့်ဒေသက အငွေ့အသက်တွေပါတဲ့ ပန်းချီကားတွေကို ဘယ်လိုဖန်တီရေးဆွဲထားလဲ ဆိုတာတွေကို မိတ် ဆက်ချင်တဲ့အတွက် ဒီပန်းချီပြပွဲကို စီစဉ်ပြုလုပ်ရတာဖြစ်ပါတယ်။ ဒီလိုပြသခွင့်ရလို့လည်း အလွန် ပျော်ရွှင်မိပါတယ်၊ ကိုယ်မွေးဖွားတဲ့မြို့မှာ ကိုယ့်ရဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသခွင့်ရတာ ဘယ်လိုမှ ပြောမပြတတ်တဲ့ပျော်ရွှင်မှုမျိုးနဲ့ ပျော်ရွှင်ခံစားရပါတယ်၊ ကျွန်တော်တို့ ငယ်ငယ်တုန်း ကဆိုရင် ပန်းချီပြပွဲမပြောနဲ့ ပန်းချီဆွဲတဲ့လူကို တွေ့ဖို့တောင် မလွယ်တဲ့အခြေအနေမှာ ဒီလိုမျိုးပန်းချီကား တွေ ရာနဲ့ချီပြီးတော့ ခန်းမအကျယ်ကြီးမှာ လှလှပပကြည့်ခွင့်ရနိုင်အောင် ပြသခွင့်ရတယ် ဆိုတော့ ဝမ်းသာပါတယ်၊ ပြီးရင် ဒီမှာရှိတဲ့လူတွေကိုလည်း အချိန်ရရင် ကျောင်းသူ၊ ကျောင်းသား တွေဘဲဖြစ်ဖြစ် ဝါသနာရှင်တွေဘဲဖြစ်ဖြစ် ဘယ်သူမဆို ပြပွဲအတွင်းမှာ လာရောက် ကြည်ရှု အားပေးလို့ရပါတယ်” ဟု ပြောကြားသည်။

ပန်းချီပြပွဲတွင် ပြသထားသော ပန်းချီကားများအား ရောင်းချရငွေများကိုလည်း ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအချို့တွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပန်းချီပြပွဲတွင် ရခိုင်ပြည နယ်ဖွား ရခိုင်သားပန်းချီဆရာ၊ ဆရာမ ၄၆ ဦး၏ ပန်းချီကားပေါင်း ၁၆၀ ကျော်ကို ၃ ရက်ကြာ ပြသထားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)